Trending Now

ငပုတောမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား နေအိမ် နှစ်လုံး မီးလောင်ဆုံးရှုံး

Spread the love

ငပုတောမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား နေအိမ် နှစ်လုံး မီးလောင်ဆုံးရှုံး

EPN
ငပုတော၊ ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၊ မြောက်ပိုင်းရပ်ကွက်၊ ယင်းမာလမ်း၊ လမ်းသွယ်လမ်းတွင် ယနေ့ နံနက်(၃)နာရီကမီးလောင်မှုဖြစ်ပွားပြီးနေအိမ် (၂) လုံးမီးလောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်း ငပုတောမြို့မရဲစခန်းမှ သိရသည်။

အဆိုပါ မီးလောင်မှုမှာ မြောက်ပိုင်းရပ်ကွက်၊ ယင်းမာလမ်း၊ လမ်းသွယ်လမ်းနေ ဒေါ်အေးသိန်း၏နေအိမ်ရှိမီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒေါ်အေးသိန်း၏ နေအိမ်ဘေးရှိ ဦးမျိုးလွင်၏နေအိမ်ကို
မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် နေအိမ်(၂)လုံးမီးလောင်
ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

မီးလောင်မှု ဖြစ်ပွားရာသို့ ငပုတောမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမင်းအောင် ဦးဆောင်၍
သန္ဓမီးသတ်တပ်ဖွဲ့ဝင် (၁၈)ဦးနှင့် အရန်မီးသတ်တပ် ဖွဲ့ဝင် (၁၀)ဦးတို့မှ သွားရောက် မီးငြှိမ်းသတ်ယာဉ်(၂)စီး အသုံးပြု၍ မီးငြိမ်းသတ်ခဲ့ရာ နံနက်(၄)နာရီမိနစ် (၃၀) အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဒေါ်အေးသိန်း၏ ဓနိမိုး၊ ဓနိကာနေအိမ်နှင့်ဦးမျိုးလွင်၏။

ငပုတောမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံး

ငပုတော ၊ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငပုတောမြို့နယ် ၊ မြောက်ပိုင်းရပ်ကွက်၊ယင်းမာလမ်း၊လမ်းသွယ်လမ်းတွင်
ယနေ့ နံနက်(၃)နာရီကမီးလောင်မှုဖြစ်ပွားပြီးနေအိမ်(၂) လုံးမီးလောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်း ငပုတောမြို့နယ်
မြို့မရဲစခန်းမှသိရသည်။

အဆိုပါ မီးလောင်မှုမှာမြောက်ပိုင်းရပ်ကွက်၊ယင်းမာလမ်း၊လမ်းသွယ်လမ်းနေ ဒေါ်အေးသိန်း၏နေအိမ်ရှိမီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒေါ်အေးသိန်း၏နေအိမ်ဘေးရှိ ဦးမျိုးလွင်၏နေအိမ်ကို
မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် နေအိမ်(၂)လုံးမီးလောင်
ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာကိုပုတောမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမင်းအောင် ဦးဆောင်၍
သန္ဓမီးသတ်တပ်ဖွဲ့ဝင်(၁၈)ဦးနှင့်အရန်မီးသတ်တပ် ဖွဲ့ဝင်(၁၀)ဦးတို့မှသွားရောက်မီးငြှိမ်းသတ်ယာဉ်(၂)စီး အသုံးပြု၍မီးငြိမ်းသတ်ခဲ့ရာနံနက်(၄)နာရီမိနစ် (၃၀)အချိန်ခန့်တွင်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဒေါ်အေးသိန်း၏ ဓနိမိုး၊ ဓနိကာနေအိမ်နှင့် ဦးမျိုးလွင်၏နေအိမ် ပျဉ်ခင်း၊ ဓနိမိုး၊ဓနိကာ၊ နေအိမ် (၂)လုံးမီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ်(၂၅)သိန်းဖြစ်ကြောင်းသိရသည်။

”မီးစတင် လောင်ကျွမ်းခဲ့သောနေအိမ် ပိုင်ရှင်ကိုအရေးယူထားပါတယ်။နေအိမ် နှစ်လုံးမီးလောင်ဆုံးရှုံးခဲ့ပါတယ်။ငွေကျပ် ၂၅ သိန်းဖိုးရှိ ပါတယ်။ အခြားနေအိမ်များကိုကူးစက်မှုမရှိပါဘူး။”ဟု အဆိုပါ ရဲစခန်းမှ တာဝန်ကျရဲအရာရှိက ပြောသည်။

အဆိုပါ မီးလောင်မှုနှင့်စပ်လျဉ်း၍ မီးစတင်လောင်ကျွမ်၁၆းခဲ့သည့် နေအိမ်ပိုင်ရှင် ဒေါ်အေးသိန်းအား ငပုတောမြို့မရဲစခန်းမှ ပ-၁၂/၂၀၂၂ ပုဒ်မ (၂၈၅)ဖြင့်အမှုဖွင့်အရေးယူထားကြောင် းသိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။