Trending Now

မိုးေကာင္းၿမိဳ႕နယ္၊ ဆားေမွာ္ေက်းရြာအနီး ေမာ္ေတာ္ယာဥ္တစ္စီး ရထားႏွင့္ တိုက္မိ

Spread the love

မိုးေကာင္းၿမိဳ႕နယ္၊ ဆားေမွာ္ေက်းရြာအနီး ေမာ္ေတာ္ယာဥ္တစ္စီး ရထားႏွင့္ တိုက္မိ

EPN
မိုးေကာင္း၊ မတ္-၁၈

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္ ဆားေမွာ္ေက်း႐ြာ၊ ဆားေမွာ္နယ္ေျမရဲကင္းစခန္းအနီး ေမာ္ေတာ္ယာဥ္တစ္စီး ရထားႏွင့္ တိုက္မိေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႕ မတ္၁၈ ရက္၊ ေန႔ခင္း ၁၂နာရီခြဲ အခ်ိန္ခန္႕က မိုးေကာင္းၿမိဳ႕နယ္၊ ဆားေမွာ္ေက်းရြာ၊ ရထားေၾကးနန္းတိုင္ အမွတ္ ၆၇၅/၁၇ ႏွင့္ ၁၈ အၾကားတြင္  ဆားေမွာ္ေက်း႐ြာဘက္မွ မိုးေကာင္းဘက္သို႔ ယာဥ္ေမာင္း သက္မ်ိဳးမြန္ (ခ) ကိုသက္ ၃၅ ႏွစ္ေမာင္းႏွင္လာေသာYGN 1L/2898 ISUZU အမ်ိဳးအစား အျပာေရာင္ယာဥ္သည္ ရထားလမ္းျဖတ္ကူးစဥ္ စက္ေခါင္းေမာင္း ဦးခင္ေမာင္ဝင္း ရထားထိန္း ဦးစိုးျမတ္ေဆြ ေမာင္းႏွင္လာေသာ စက္ေခါင္း DF1324 အမွတ္ ၄၂အစုန္ စာပို႔ရထား အားတိုက္မိသျဖင့္ ကားေပၚ၌လိုက္ပါလာေသာ မမိုးဝါ (၄၀) ႏွစ္တြင္ဖူးပြန္းပဲ့၊ ႏွာေခါင္း ေသြးထက္၊ ဝဲမ်က္ခမ္းေအာက္ပြန္း၊ ေမးေစ့ပြန္းပဲ့၊ ဝဲလက္ေခ်ာင္းမ်ား /ဝဲေျခေခ်ာင္းမ်ား ပြန္းပဲ့ဒဏ္ရာႏွင့္ဦးစိုးသူဝင္း အသက္ (၃၂)ႏွစ္တြင္ ညာေျခက်ိဳးဒဏ္ရာရရွိသျဖင့္ ဒဏ္ရာရရွိသူႏွစ္ဦးအား ေဆးကုသရန္ မိုးေကာင္းျပည္သူ႕ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္းသိရသည္။

ျဖစ္စဥ္ေၾကာင့္ ရထားမွာ (၁၅) မိနစ္ခန္႕ရပ္နားခဲ့ရၿပီး မိုးေကာင္း ဘက္သို႕ ဆက္လက္ထြက္ခြာသြားေၾကာင္းႏွင့္ ရထားလမ္းပိတ္ဆို႔မႈမရွိဘဲ ရထားမ်ားပုံမွန္သြားလာလွ်က္ရွိပါသည္။ 

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ယာဥ္အားမဆင္မျခင္ေမာင္းႏွင္သူ သက္မ်ိဳးမြန္(ခ) ကိုသက္အား မိုးေကာင္းၿမိဳ႕မရဲစခန္းမွရထားဥပေဒအရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

ခ်ိဳေမာင္

————————————–

မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာအနီး မော်တော်ယာဉ်တစ်စီး ရထားနှင့် တိုက်မိ

EPN
မိုးကောင်း၊ မတ်-၁၈
 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာ၊ ဆားမှော်နယ်မြေရဲကင်းစခန်းအနီး မော်တော်ယာဉ်တစ်စီး ရထားနှင့် တိုက်မိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ မတ်၁၈ ရက်၊ နေ့ခင်း ၁၂နာရီခွဲ အချိန်ခန့်က မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ၊ ရထားကြေးနန်းတိုင် အမှတ် ၆၇၅/၁၇ နှင့် ၁၈ အကြားတွင်  ဆားမှော်ကျေးရွာဘက်မှ မိုးကောင်းဘက်သို့ ယာဉ်မောင်း သက်မျိုးမွန် (ခ) ကိုသက် ၃၅ နှစ်မောင်းနှင်လာသောYGN 1L/2898 ISUZU အမျိုးအစား အပြာရောင်ယာဉ်သည် ရထားလမ်းဖြတ်ကူးစဉ် စက်ခေါင်းမောင်း ဦးခင်မောင်ဝင်း ရထားထိန်း ဦးစိုးမြတ်ဆွေ မောင်းနှင်လာသော စက်ခေါင်း DF1324 အမှတ် ၄၂အစုန် စာပို့ရထား အားတိုက်မိသဖြင့် ကားပေါ်၌လိုက်ပါလာသော မမိုးဝါ (၄၀) နှစ်တွင်ဖူးပွန်းပဲ့၊ နှာခေါင်း သွေးထက်၊ ဝဲမျက်ခမ်းအောက်ပွန်း၊ မေးစေ့ပွန်းပဲ့၊ ဝဲလက်ချောင်းများ /ဝဲခြေချောင်းများ ပွန်းပဲ့ဒဏ်ရာနှင့်ဦးစိုးသူဝင်း အသက် (၃၂)နှစ်တွင် ညာခြေကျိုးဒဏ်ရာရရှိသဖြင့် ဒဏ်ရာရရှိသူနှစ်ဦးအား ဆေးကုသရန် မိုးကောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

ဖြစ်စဉ်ကြောင့် ရထားမှာ (၁၅) မိနစ်ခန့်ရပ်နားခဲ့ရပြီး မိုးကောင်း ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်းနှင့် ရထားလမ်းပိတ်ဆို့မှုမရှိဘဲ ရထားများပုံမှန်သွားလာလျှက်ရှိပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ သက်မျိုးမွန်(ခ) ကိုသက်အား မိုးကောင်းမြို့မရဲစခန်းမှရထားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။