Trending Now

ဂျပန်အဘွားအို သက်ရှိလူသားတွေထဲမှာ အသက်အကြီးဆုံးဖြစ်လာ

Spread the love

 
ဂျပန်အဘွားအို သက်ရှိလူသားတွေထဲမှာ အသက်အကြီးဆုံးဖြစ်လာ

EPN
နိုင်​ငံတကာ မတ်​၉

ကမ္ဘာသက်ရှိလူသားများထဲမှာ အသက်အကြီးဆုံးဖြစ်လာတဲ့ ဂျပန်အဘွားအို ဂျပန်နိုင်ငံက အသက် ၁၁၆ နှစ်အရွယ်ရှိအဘွားအို ကာနီတာနာကာ ဟာ သက်ရှီ လူသားတွေထဲမှာအသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် ကမ္ဘာဂင်းနစ်မှတ်တမ်းအဖွဲ့ က တရားဝင်အသိမှတ်ပြုလိုက်ကြောင်းသိရပါတယ်။

အဘွားအို ကာနီတာနာကာကို ချီးကျူးဂုဏ်ပြုပွဲကို သူမနေထိုင်နေတဲ့ ဖူကူအိုကာ မြို့ရှိ လူအို စောင့်ရှောက်ရေးဂေဟာမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဂင်းနစ်အဖွဲ့ ကပြောပါ
တယ်။

တာနာကာ ကို ၁၉၀၃ ခုနှစ် ဇန်န၀ါရီ ၂ ရက်နေ့က မွေးခဲ့ပြီ
းမွေးချင်း ၈ ဦးမှာ ၇ ဦးမြောက်ဖြစ်ပါတယ်။ အဘွားအိုဟာ ၁၉၂၂ ခုနှစ်မှာ ဟီဒီအို တာနာကာ နဲ့ လက်ထပ်ခဲ့ပြီး သားသမီး ၄ ဦးမွေးဖွားခဲ့ပြီး သားတစ်ဦးထပ်မံမွေးစွားခဲ့တယ်လို့သိရပါတယ်​။

အဘွားအိုဟာ နေစဉ်နံနက် ၆ နာရီထကာ ပုံမှန်လမ်းလျှောက်တဲ့အပြင် သချာင်္လေကျင့်ခန်းတွေကို ပုံမှန်လုပ်ကြောင်း သိရပါတယ်။

ဂျပန်နိုင်ငံကအသက် ၁၁၇ နှစ်အရွယ်ရှိ မီယာကို ဟာ ပြီးခဲ့တဲ့နှစ်ဇူလိုင်က သေဆုံးသွားခဲ့ပြီးနောက် အဘွားအို တာနာကာ က ကမ္ဘာအသက်ကြီးဆုံးလူသားဖြစ်လာခဲ့ပါတယ်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။