Trending Now

သတင်းတွေကို ကန့်သတ် ဖြုတ်ချပြီး အနိုင်ကျင့်နေတဲ့အတွက် Youtube လိုမျိုးသုံးနိုင်တဲ့ Mtube Platform တစ်ခု လုပ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးပြော

Spread the love

သတင်းတွေကို ကန့်သတ် ဖြုတ်ချပြီး အနိုင်ကျင့်နေတဲ့အတွက် Youtube လိုမျိုးသုံးနိုင်တဲ့ Mtube Platform တစ်ခု လုပ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးပြော

EPN
မြစ်ကြီးနား ၊ စက်တင်ဘာ ၂

သတင်းတွေကို ကန့်သတ် ဖြုတ်ချခံရပြီး အနိုင်ကျင့်ခံနေရတဲ့အတွက် Youtube လိုမျိုးသုံးနိုင်တဲ့ Mtube Live Streaming Platform တစ်ခုလုပ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားလိုက်ပါတယ်။

“ Social Media Platform တွေက မိမိတို့ထုတ်ပြန်တဲ့ သင်းတွေကို ကန့်သတ်တာ၊ ဖြုတ်ချတာတွေကို နည်းပညာအားကိုနဲ့ အနိုင်ကျင့်ဆောင်ရွက်နေတဲ့အတွက် Youtube လိုအသုံးပြုနိုင်တဲ့ Mtube Live Streaming Platform တစ်ခုကို တီထွင်ဆောင်ရွက်နေတာဖြစ်ပါတယ်။” လို့ Mtube Video Sharing and Live Streaming Platform နဲ့ ပတ်သက်ပြီးရှင်းလင်းတင်ပြတဲ့ အစည်းအဝေးမှာ ဝန်ကြီးဦးမောင်မောင်အုန်းက ပြောကြားခဲ့တာပါ။

သတင်းထုတ်ပြန်ရေးလုပ်ငန်တွေကို အချိန်နဲ့ တစ်ပြေးညီတင်ပြနိုင်ဖို့အတွက် MRTV Application ကို ရေးဆွဲဆောင်ရွက်ခဲ့ပေမယ့် နည်းမျိုးစုံနဲ့ ဖြုတ်ချခံခဲ့ရတဲ့အတွက် ပြည်သူတွေရဲ့ သတင်းအချက်အလက်သိရှိပိုင်ခွင့်ကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့လည်း ဝန်ကြီးက ထည့်သွင်းပြောဆိုသွားပါတယ်။

ဒါပေမယ့် ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုအခက်အခဲရှိပါစေ သတင်းမှားတွေကို တိုက်ဖျက်ရေး နဲ့ သတင်းမှန်ထုတ်ပြန်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။