Trending Now

ဗန္းေမာ္ ေအာင္သာရပ္ကြက္ အေျခခံပညာမူလတန္းလြန္ေက်ာင္း စာသင္ေဆာင္ကုိ ၆လ အတြင္း အၿပီးေဆာက္မည္

Spread the love

ဗန္းေမာ္ ေအာင္သာရပ္ကြက္ အေျခခံပညာမူလတန္းလြန္ေက်ာင္း စာသင္ေဆာင္ကုိ ၆လ အတြင္း အၿပီးေဆာက္မည္
EPN
ဗန္းေမာ္၊ ဧၿပီ ၂၆
ဗန္းေမာ္ျမိဳ ့ေအာင္သာရပ္ကြက္ အေျခ ခံပညာမူလတန္းလြန္ေက်ာင္းတိုးခ်ဲ ႔စာသင္ေဆာင္ကုိ ၆ လအတြင္း အၿပီးေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း ယင္းေက်ာင္းေဆာင္ကုိ တာဝန္ယူ ေဆာက္လုပ္မည့္ ထက္ျမတ္ဟိန္း ကုမၸဏီထံမွ သိရသည္။

ေက်ာင္းသားေက်ာင္းသူ ကေလးသုူငယ္မ်ားပညာသင္ၾကားေရး အဆင္ေျပေစေရးအတြက္
ေက်ာင္းေဆာင္ ေဆာက္လုပ္ရန္ ပႏၷက္တင္မဂၤလာပဲြကို ဧျပီ ၂၆ ရက္ေန ့နံနက္ ၉ နာရီခြဲက ျပဳလုပ္ခ့ဲသည္။

“စာသင္ေဆာင္ (၁၂၀ ေပ ×၃၀ ေပ) Steel Structure (၁)ထပ္၊ အေဆာက္အဦး
ကို ျပည္ေထာင္စုအစိုးရအဖြဲ႔ရဲ႕၂၀၁၈ /၂၀၁၉ ဘ႑ာ ေရး ႏွစ္ ခြင့္ျပဳရန္ပုံေငြ က်ပ္ ၆၆၀ သိန္းျဖင့္ ထက္ျမတ္ဟိန္း ကုမၸဏီ က ေျခာက္လအတြင္း အျပီး ေဆာက္လုပ္မွာျဖစ္ပါတယ္” ဟု အဆိုပါကုမၸဏီ ဒါရိုက္တာ ေဒၚျမတ္ျမတ္ျမင့့္က ေျပာသည္။

အဆုိပါ ေက်ာင္းေဆာင္ေဆာက္လုပ္ရန္အတြက္ ပႏၷက္႐ိုက္ျခင္းအခမ္းအနားကုိ ျပည္သူ့လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္သိန္း၊ ခရိုင္ပညာေရးမွဴး ဦးေက်ာ္သူ၊ ျမိဳ နယ္ပညာေရးမွဴးရံုးမွ ဦးစီးအရာရွိ ဦးျမင့္လြင္ေအာင္၊ ၿမိဳ႕နယ္အမ်ိဳးသားဒီမိုကေရစီ အဖဲြ ့ခ်ဳပ္မွ တာဝန္ရွိ ပုဂိၢဳလ္မ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးနန္းဇိန္းေနာ္လီ၊ တာဝန္ခံေက်ာင္းအုပ္ ေဒၚနဴးဂ်ာႏွင့္ ဆရာမမ်ား၊ ထက္ျမတ္ဟိန္းကုမၸဏီ(ဂရု)မွ ဒါရိုက္တာ ေဒၚျမတ္ျမတ္ျမင့္၊ စုစုေပါင္း အင္းအား ၄၀ ေက်ာ္ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ဗန္းေမာ္သုခမိန္

——————————————-
ဗန်းမော် အောင်သာရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း စာသင်ဆောင်ကို ၆လ အတွင်း အပြီးဆောက်မည်

EPN
ဗန်းမော်၊ ဧပြီ ၂၆
ဗန်းမော်မြို့အောင်သာရပ်ကွက် အခြေ ခံပညာမူလတန်းလွန်ကျောင်းတိုးချဲ့စာသင်ဆောင်ကို ၆ လအတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း ယင်းကျောင်းဆောင်ကို တာဝန်ယူ ဆောက်လုပ်မည့် ထက်မြတ်ဟိန်း ကုမ္ပဏီထံမှ သိရသည်။

ကျောင်းသားကျောင်းသူ ကလေးသုူငယ်များပညာသင်ကြားရေး အဆင်ပြေစေရေးအတွက်
ကျောင်းဆောင် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာပွဲကို ဧပြီ ၂၆ ရက်နေ့နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။

“စာသင်ဆောင် (၁၂၀ ပေ ×၃၀ ပေ) Steel Structure (၁)ထပ်၊ အဆောက်အဦး
ကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့၂၀၁၈ /၂၀၁၉ ဘဏ္ဍာ ရေး နှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၆၆၀ သိန်းဖြင့် ထက်မြတ်ဟိန်း ကုမ္ပဏီ က ခြောက်လအတွင်း အပြီး ဆောက်လုပ်မှာဖြစ်ပါတယ်” ဟု အဆိုပါကုမ္ပဏီ ဒါရိုက်တာ ဒေါ်မြတ်မြတ်မြင့်က ပြောသည်။

အဆိုပါ ကျောင်းဆောင်ဆောက်လုပ်ရန်အတွက် ပန္နက်ရိုက်ခြင်းအခမ်းအနားကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်း၊ ခရိုင်ပညာရေးမှူး ဦးကျော်သူ၊ မြို နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်လွင်အောင်၊ မြို့နယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနန်းဇိန်းနော်လီ၊ တာဝန်ခံကျောင်းအုပ် ဒေါ်နူးဂျာနှင့် ဆရာမများ၊ ထက်မြတ်ဟိန်းကုမ္ပဏီ(ဂရု)မှ ဒါရိုက်တာ ဒေါ်မြတ်မြတ်မြင့်၊ စုစုပေါင်း အင်းအား ၄၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဗန်းမော်သုခမိန်
 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။