Trending Now

တာချီလိတ်မြို့နယ်တွင် အမျိုးသားတစ်ဦး၏ မြေသယ်ယာဉ်ပေါ်မှ ငွေကျပ် ၂ ဒသမ ၀၄၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

တာချီလိတ်မြို့နယ်တွင် အမျိုးသားတစ်ဦး၏ မြေသယ်ယာဉ်ပေါ်မှ ငွေကျပ် ၂ ဒသမ ၀၄၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
တာချီလိတ်၊ စက်တင်ဘာ ၂၅ (၂၀၂၃)

တာချီလိတ်မြို့နယ်တွင်အမျိုးသားတစ်ဦး၏ မြေသယ်ယာဉ်ပေါ်မှ ငွေကျပ် ၂ ဒသမ ၀၄၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၆ နာရီ အချိန်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျိုင်းတုံမှ တာချီလိတ်ဘက်သို့ စိုင်းမွန်းမောင်းနှင်လာသည့် LIFAN မြေသယ်ယာဉ်အား မူးယစ်ဆေးဝါးသတင်းအရ စစ် ဆေးရှာဖွေရာယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်၂ဒသမ ၀၄၉ ဘီလီယံတန်ဖိုးရှိစိတ်ပြောင်း ဆေးဝါးများဖြစ်သည့် အိုက်စ် (မက်သ်အဖက်တမင်း) ၂၅၄ ကီလိုနှင့် ကက်တမင်း၂ကီလိုသိမ်းဆည်းဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါမူးယစ်ဆေးဝါးနှင့် ပတ်သက်၍ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများကို ကျိုင်းတုံမှ တာချီလိတ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကိုလည်း ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ထက်ထက်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။