Trending Now

ပူတာအိုမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့ကြသော ခေါင်လန်ဖူးမြို့နယ်မှ ကျောင်းသူ/သားများ ပျက်ကွက်သူမရှိ ဖြေဆိုပြီးဆုံး

Spread the love

ပူတာအိုမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့ကြသော ခေါင်လန်ဖူးမြို့နယ်မှ ကျောင်းသူ/သားများ ပျက်ကွက်သူမရှိ ဖြေဆိုပြီးဆုံး

EPN
ပူတာအို၊ မတ် ၂၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၁၉-၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီး၏ နောက်ဆုံးဘာသာဖြစ်သော သမိုင်းဘာသာရပ်ကို ပူတာအိုမြို့၌ စခန်းသွင်းလေ့ကျင့်၍ ဝင်ရောက်ဖြေဆိုခဲ့ကြသည့် ခေါင်လန်ဖူးမြို့နယ်မှ ကျောင်းသူကျောင်းသားများအားလုံး ပျက်ကွက်သူမရှိ ဖြေဆိုပြီးဆုံးခဲ့ကြောင်း သိရသည်။

အ.ထ.က(ပူတာအို) စာစစ်ဌာနတွင် ဖြေဆို‌နေကြသော ခေါင်လန်ဖူးမြို့နယ်မှ ကျောင်းသူကျောင်းသားများ အတွဲ-၁ (၁၀) ဦး၊ အတွဲ-၂ (၃၉) ဦး၊ စုစုပေါင်း (၄၉) ဦး ရှိသည့်အနက် အတွဲ-၂ သမိုင်းဘာသာရပ်ဖြေဆိုသည့်နေ့တွင် (၃၉) ဦးလုံး ပျက်ကွက်သူမရှိ အေးချမ်းစွာ ဖြေဆိုနိုင်ခဲ့ကြသည်။

ပူတာအိုခရိုင်တွင်၂၀၁၉-၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စုစုပေါင်း (၂၇၄၈) ဦး စာရင်းပေးသွင်းခဲ့ပြီး မြန်မာစာဘာသာကို (၂၅၄၀) ဦး ၉၂ ရာခိုင်နှုန်း၊ အင်္ဂလိပ်စာဘာသာကို (၂၅၃၈) ဦး ၉၂ ရာခိုင်နှုန်း၊ သင်္ချာဘာသာကို (၂၅၃၆) ဦး ၉၂ ရာခိုင်းနှုန်း၊ ဓာတုဗေဒဘာသာကို (၁၆၉၁) ဦး ၉၃ ရာခိုင်နှုန်း၊ ရူပဗေဒဘာသာကို (၁၆၉၂) ဦး ၉၃ ရာခိုင်နှုန်း၊ ဘောဂဗေဒဘာသာကို (၂၄၄၉) ဦး ၉၁ ရာခိုင်နှုန်း၊ ဇီဝဗေဒဘာသာကို (၉၅) ဦး၊ ပထဝီဝင်ဘာသာကို (၈၄၂) ဦး ၉၀ ရာခိုင်နှုန်း၊ သမိုင်းဘာသာကို (၈၄၂) ဦး ၉၀ ရာခိုင်နှုန်းတို့ဖြင့် အသီးသီးဝင်ရောက်ဖြေဆိုခဲ့ကြပြီး ပျက်ကွက်သူဦး‌ရေ (၂၃၈) ဦး ပျက်ကွက်ခဲ့သည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ပူတာအိုခရိုင်အတွင်းရှိ စာစစ်ဌာန (၆) ခုတွင် နောက်ဆုံးဘာသာရပ်ဖြစ်သော သမိုင်းဘာသာရပ်ကို (၈၄၂) ဦးဖြေဆိုခဲ့ကြရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ခေါင်လန်ဖူးမြို့နယ်မှ ကျောင်းသူကျောင်းသားများ စာမေးပွဲကို အဆင်ပြေစွာဖြေဆိုနိုင်ရေးအတွက် ပူတာအိုခရိုင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကြီးကြပ်သူ ဆရာဆရာမများက အ‌စားအသောက်၊ ကျန်းမာရေးနှင့်လိုအပ်သည်များ ပူးပေါင်းကူညီပေးကြပြီး စာမေးပွဲအပြီး နေရပ်ပြန်နိုင်ရေးအတွက်လည်း စီစဉ်ပေးခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။