Trending Now

ကံပိုင်တည် နယ်စပ်ကုန်သွယ်‌ရေးစခန်း၌ ပိုးမွှာထိန်းချုပ်ရေးစခန်းဆောက်လုပ်မည့်မြေနေရာ အား ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်‌ဆောင် သွားရောက်စစ်ကြည့်ရှူ့

Spread the love

ကံပိုင်တည် နယ်စပ်ကုန်သွယ်‌ရေးစခန်း၌ ပိုးမွှာထိန်းချုပ်ရေးစခန်းဆောက်လုပ်မည့်မြေနေရာ အား ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်‌ဆောင် သွားရောက်စစ်ကြည့်ရှူ့

EPN
မြစ်ကြီးနား၊ မေ ၂၅

ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ် ကံပိုင်တည်းမြို့ နယ်စပ်ကုန်သွယ်ရေးစခန်း၌ ပိုးမွှာထိန်းချုပ်ရေးစခန်းဆောက်လုပ်မည့်မြေနေရာအား ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်‌ဆောင်မှ ယမန်နေ့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် ကံပိုင်တည်မြို့တွင် ပြည်နယ်အစိုးအဖွဲ့ ၏ လမ်းညွှန်မှုဖြင့် ပြည်နယ်သူပြည်နယ်သားများ၏ စိုက်ပျိုးထုတ်လုပ်မှုအပိုင်း ပိုမိုအဆင်ပြေစေရန် ရည်ရွယ်ပြီး ပိုးမွှာထိန်းချုပ်‌ရေး စခန်း ပြုလုပ်မှာဖြစ်ကြောင်း ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူမျာအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စိုက်ပျိုး‌ရေး လုပ်ငန်းတွေ ပိုမိုထွန်းကားလာအောင်ရယ် ပြည်နယ်သူပြည်နယ်သားတွေ လုပ်ငန်းပိုမိုရရှိရေးအတွက်ပေါ့ ပိုးမွှာထိန်းချုပ်ရေးစခန်းတစ်ခု ဆောက်လုပ်ဖို့ မြေနေရာကြည့်ထားပြီး မနေ့ကတော့ သယံဇာတရေးရာဝန်ကြီးဆင်းလာပြီးကြည့်သွားတယ် သူများနိုင်ငံက လုပ်သလို ပိုးမွှာထိန်းချုပ်စခန်းပုံစံမျိုးပေါ့ဆောက်လုပ်ဖို့ လျာထားတယ် အဲ့လုပ်ငန်းကို အကောင်အထည်ဖော်လုပ်ဆောင်ဖို့ အစီအစဉ်တကျ ဆွေးနွေးတိုင်ပြီး လုပ်မှာဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ယင်း နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီးမှ အဆိုပါ လုပ်ငန်းနှင့်ပတ်သက်၍ လိုက်လံကြည့်ရှုခဲ့ပြီး‌နောက် သက်ဆိုင်တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းမှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ကံပိုင်တည်မြို့အတွင်း၌ ပြည်နယ်အစိုးရ ရံပုံငွေဖြင့် ပြုလုပ်နေသည့် ကွန်ကရစ်လမ်းခင်းခြင် လမ်းသစ်ဖောက်ခြင်းတို့အား လိုက်လံကြည့်ရှူစစ်ဆေးခဲ့ကြောင်းသိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။