Trending Now

မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်‌ကျောင်းတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တက်ရောက်ချီးမြင့်

Spread the love

မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်‌ကျောင်းတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တက်ရောက်ချီးမြင့်

EPN
မြစ်ကြီးနား၊ ဩဂုတ် ၅

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ် ကျောင်းတွင် ၂၀၂၂/၂၀၂၃ပညာသင်နှစ်အတွက် မောင်မယ်သစ်လွင်ကြိုဆိုပွဲအား ယနေ့နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ရာအဆိုပါ ပွဲသို့ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တက်ရောက်ချီးမြင့်ခဲ့ကြောင်းသိရသည်။

ယင်းအခမ်းအနားတွင် ပထမနှစ်တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသားကျောင်သူများကို စီနီယာ ကျောင်းသားဟောင်းများက ထိန်းကျောင်းလက်တွဲခေါ်ဆောင်ကြရန် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ပြောကြားခဲ့သည်။

“မောင်မယ်သစ်လွင်ကြိုဆိုပွဲကိုတော့ အစိုးရ ပြဌာန်းချက်မှာ တရားဝင်ပြုလုပ်ပေးရမယ်လို့ ဖော်ပြထားတာမျိုးမရှိဘူးပေါ့ သို့ပေမယ့် ထုံးတမ်းအစဉ်လာရပြုလုပ်ကြတယ် ဒါကြောင့် ကျောင်းသားဟောင်းတွေက ကျောင်းသားသစ်တွေကို အစ်ကိုကြီး အစ်မကြီးပုံစံမျိုးနဲ့ ထိန်းကျောင်းသွန်သင် လက်တွဲခေါ်ဆောင်သင့်တယ်”ဟု ၎င်းကပြောသည်။

ထို့အတူ နည်းပညာတက္ကသိုလ် ပထမနှစ် တက်ရောက်မည့်ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့၏ ပန်းတိုင်ရောက်ရှိရန် ကံ၊ဉာဏ်၊ဇွဲ၊ဝရိယ စသည့် လေးချက်နှင့်အညီ ကြိုးစားကြရန် နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်က တိုက်တွန်း ပြောဆိုခဲ့သည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲအား နှစ်စဉ်ကျင်းပပြုလုပ်ပေးလျှက်ရှိ‌ကြောင်းသိရပြီး ယခုနှစ်တွင် Clvilမေဂျာနှင့် ECမေဂျာနှစ်ခု ပေါင်းလုပ်ပေးသည့်ပွဲဖြစ်ကြောင်းသိရသည်။

ယင်းအခမ်းအနား ဖြစ်မြောက်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပါဝင်ကူညီထောက်ပံ့ငွေ ပေးသည့်ခဲ့သည့် အတွက် နည်းပညာတက္ကသိုလ်ဒုတိယပါမောက္ခချုပ်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည် ပေးအပ်ခဲ့သည်။

လက်ရှိ ပညာသင်နှစ်အတွင်း နည်းပညာတက္ကသိုလ်ကျောင်းတွင် ကျောင်းသား (၁၅၃)ဦးနှင့် ကျောင်းသူ (၉၉)ဦး စုစုပေါင်း ၂၅၂ဦး တက်ရောက်ပညာသင်ကြားနေကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။