Trending Now

နှစ်နိုင်ငံနယ်စပ်အနီး တပ်တွေဖြန့်ကြက်မယ်လို့ မြောက်ကိုရီးယား ပြော

Spread the love

နှစ်နိုင်ငံနယ်စပ်အနီး တပ်တွေဖြန့်ကြက်မယ်လို့ မြောက်ကိုရီးယား ပြော

EPN
နိုင်ငံတကာ၊ ဇွန် ၁၇

ကိုရီးယားနှစ်နိုင်ငံအကြား ပူးတွဲစီမံကိန်းများတည်ရှိရာ တောင်ကိုရီးယား နိုင်ငံနှင့်ထိစပ်နေသည့် နယ်စပ်ဧရိယာ နှစ်ခုအတွင်း စစ်တပ်များ တပ်ဖြန့်မည်ဟု မြောက်ကိုရီးယားနိုင်ငံက ပြောသည်။

မြောက်ကိုရီးယားအစိုးရပိုင် သတင်းမီဒီယာများက ကိုရီးယား ပြည်သူ့တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို ကိုးကား၍ ယနေ့ ထိုသို့ဖော်ပြခဲ့ခြင်းသည်။

အဆိုပါသတင်းအရ မြောက်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ ခွန်ဂန်တောင် ကမ္ဘာ့လှည့်ခရီးသွားနယ်မြေနှင့် အ နောက်တောင်ပိုင်းရှိ ကေဆောင်စက်မှုဇုန်တို့တွင် တပ်ဖွဲ့များ ဖြန့်ကြက်မည်ဟု သိရသည်။

နယ်စပ်ရှိ စစ်မဲ့ဇုန်အတွင်း ပြန်လည်ဝင်ရောက်မည့် လုပ်ငန်းစီမံချက် တစ်ရပ်ကို ပြန်လည်သုံးသပ်နေကြောင်း မြောက်ကိုရီးယား တပ်မတော်က သတိပေးပြီးနောက် ထိုသို့ ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါကြေညာချက်တွင် နယ်နမိတ်သတ်မှတ်ထားသည့် မျဉ်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည့် အစီအစဉ်လည်း ဖော်ပြခဲ့သည်။

–ကိုးကား-
အန်အိတ်ချ်ကေ
Ref; N.Korea says it will deploy forces near border


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။