Trending Now

မည်သည့် နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ အင်အားများ ခိုင်မာအောင် ဆောင်ရွက်ရာတွင် မီဒီယာများက ပိုမိုအလေးပေးဆောင်ရွက်သင့်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပြောကြား

Spread the love

မည်သည့် နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ အင်အားများ ခိုင်မာအောင် ဆောင်ရွက်ရာတွင် မီဒီယာများက ပိုမိုအလေးပေးဆောင်ရွက်သင့်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပြောကြား

EPN
နေပြည်တော်၊ ဇူလိုင် ၂၇

မည်သည့် နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ အစိုးရ၊ ပြည်သူနှင့် အဖွဲ့အစည်းအားလုံး စည်းလုံးညီညွတ်ရန်လိုအပ်ပြီး၊ အဆိုပါအင်အားများ ခိုင်မာအောင် ဆောင်ရွက်ရာတွင် မီဒီယာများက ပိုမိုအလေးပေးဆောင်ရွက်သင့်ပါကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။

နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ဇူလိုင်လ ၂၆ရက်နေ့၊ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည့် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲ၌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းမှ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

” စတုတ္ထမဏ္ဍိုင်ဟုခေါ်သည့် မီဒီယာများအနေဖြင့် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုသည့် အဓိကမဏ္ဍိုင် (၃) ရပ်ကို တည့်မတ်အောင် တစ်ဖက်တစ်လမ်းမှ ထိန်းကျောင်းပေးရသည့် တာဝန်ကို ပြည်သူတို့ကိုယ်စား ထမ်းဆောင်နေရသည့်အတွက် သတင်းအချက်အလက်ရပိုင်ခွင့်နှင့် ပတ်သက်၍ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါတယ်။မီဒီယာများမှ ဖော်ပြချက်များသည် မိမိတို့တိုင်းပြည် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်းလုံးညီညွတ်မှုများကို များစွာသက်ရောက်မှုရှိသည့်အတွက် စည်းလုံးညီညွတ်မှုကို တည်ဆောက်ပေးသည့် မီဒီယာများဖြစ်ရန်လိုအပ်ပါတယ်။ မည်သည့် နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ အစိုးရ၊ ပြည်သူနှင့် အဖွဲ့အစည်း အားလုံး စည်းလုံးညီညွတ်ရန်လိုအပ်ပြီး အဆိုပါအင်အားများ ခိုင်မာအောင် ဆောင်ရွက်ရာတွင် မီဒီယာများက ပိုမိုအလေးပေးဆောင်ရွက်သင့်ပါတယ်။ မဏ္ဍိုင်တစ်ခုချင်းစီ၏ လုပ်ငန်းသဘောသဘာဝတို့ကို အချင်းချင်းအပြန်အလှန် အသိအမှတ်ပြုလက်ခံပြီး ပူးပေါင်းညှိနှိုင်းခြင်းဖြင့် ပွင့်လင်းမြင်သာမှု ရရှိစေမည် ဖြစ်သကဲ့သို့ အရည်အချင်းပြည့်ဝသည့် မီဒီယာသမားကောင်းများ ဖြစ်လာစေရန်၊ ပြည်သူများ မှန်ကန်သော သတင်းအချက်အလက် သိရှိပိုင်ခွင့် ရရှိရေးဆောင်ရွက်ရန်မှာ ကဏ္ဍပေါင်းစုံမှ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာ မဏ္ဍိုင်အသီးသီးက အများအတွက်၊ နိုင်ငံအတွက်ဟုခံယူပြီး အကြံပြုချက်များကို ပွင့်ပွင့် လင်းလင်း ဆွေးနွေး ကြစေလိုပါတယ် ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးအောင်နိုင်ဦးနှင့် ဒေါက်တာ မျိုးသိန်းကျော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အကြံပေး အဖွဲ့ဝင်များ၊ ဒုတိယ ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာ့မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများကြီးကြပ်မှုအဖွဲ့၊ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေသူများ အသင်းတို့မှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇက်ကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။