Trending Now

ဘရာဇီးနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ နစ်မြုပ်ကာ လူ ၉၄ ဦးထက်မနည်း သေဆုံး

Spread the love

ဘရာဇီးနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ နစ်မြုပ်ကာ လူ ၉၄ ဦးထက်မနည်း သေဆုံး
EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၇
ဘရာဇီးနိုင်ငံ သမိုင်းဝင် တောင်ပေါ်မြို့ ပက်ထရိုပိုလစ် တွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ နစ်မြုပ်ကာ အနည်းဆုံး လူ ၉၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပက်ထရိုပိုလစ်မြို့ရှိ ရပ်ကွက်တစ်ခုတွင် မြေပြိုမှုကြောင့် အိမ်ခြေ ၈၀ အထိ ထိခိုက်ပျက်စီးခဲ့ရာ သေဆုံးသူ အရေအတွက် တိုးလာနိုင်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့် ဒေသခံအရပ်ဘက် ကာကွယ်ရေး အဖွဲ့များက အဆိုပါနေရာသို့ သွားရောက်ကာ ကယ်ဆယ်ရေးများလုပ်ဆောင်နေသည်။
“အခြေအနေက စစ်ပွဲလိုပါပဲ… တိုင်တွေပေါ်ကနေ တွဲလောင်းကျနေတဲ့ ကားတွေ၊ ကားတွေ မှောက်သွားတာ၊ ရွှံ့တွေနဲ့ ရေတွေ အများကြီး ကျန်သေးတယ်” ဟု ရီယိုဒီဂျနေရိုး အုပ်ချုပ်ရေးမှူး ကလော်ဒီယို ကတ်စထရိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ရေဘေးသင့် ဒုက္ခသည်ပြည်သူများသည် စာသင်ကျောင်းများနှင့် ဘေးလွတ်ကင်းရာ နေရာများတွင် ခိုလုံနေရပြီး လူပေါင်း ၃၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရသည်။ ရုရှားနိုင်ငံသို့ သွားရောက်နေသည့် သမ္မတက မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များကို အကူညီပေးရန် ဝန်ကြီးများကို တွစ်တာ မှတစ်ဆင့်ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘရာဇီးအရှေ့မြောက်ပိုင်းနှင့် ဆောပေါ်လို ပြည်နယ်တွင် လူအသေအပျောက်များသော ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး နိုင်ငံအနောက်အလယ်ပိုင်းဒေသရှိ သတ္တုတူးဖော်ရေး လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားခဲ့ရသည်။
— ကိုးကား —
ရိုက်တာ
Ref; Heavy rains, flooding kill dozens in Brazil’s ‘Imperial City’

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။