Trending Now

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်း ဒုတိယသက်တမ်း စတင်တာဝန်ယူ

Spread the love

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်း ဒုတိယသက်တမ်း စတင်တာဝန်ယူ

EPN
နိုင်ငံတကာ၊ မေ ၂၀

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်းက ယနေ့ ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတစ် ရပ် ကျင်းပခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှင့် တရုတ်နှင့်ဆက်ဆံရေးကို ရည်ညွှန်းမှုများပါဝင်သည့် မိန့်ခွန်းတစ် ခု ပြောကြားခဲ့သည်။

ဆိုင်အင်ဝမ်မှာ ဇန်နဝါရီလအတွင်း ထိုင်ဝမ်ရွေးကောက်ပွဲသမိုင်းတွင် ဆန္ဒမဲအများဆုံးဖြင့် ပြန်လည်ရွေး ကောက်ခံခဲ့ရသည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း တရုတ်နှင့်ပတ်သက်၍ ထိုင်ဝမ်၏ ရပ်တည်ချက် မပြောင်းလဲဟု သူက ပြောကြားခဲ့သည်။

ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို သမ္မတရုံး၌ ကျင်းပခဲ့ပြီး ဆိုင်အင်ဝမ်းက ကျမ်းသစ္စာမိန့်ခွန်းကို တိုင်ပေဧည့်ရိပ်သာ အပြင်ဘက်၌ ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရာတွင် ထိုင်ဝမ်က လုပ်ဆောင်ခဲ့သည့် အစီအမံများ၏အောင်မြင်မှုကို ကမ္ဘာ့ နိုင်ငံများက ဖော်ပြခဲ့ပြီး တရုတ်နိုင်ငံ၏ ထိုင်ဝမ်ကို အထင်သေးသော “တစ်နိုင်ငံ၊ စနစ်နှစ်မျိုးမူဝါဒ” မှာ လက်သင့် ခံဖွယ်ရာမရှိဟု ၄င်းက ပြောကြားသည်။

ထိုင်ဝမ်က အမေရိကန်၊ ဂျပန်၊ ဉရောပတုက်။ အခြားတိုင်းပြည်များနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ဆက် လက်လုပ်ဆောင်မည်ဟု သူက ဆိုသည်။ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတားဆီးရန် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်း အနားကို အကျဉ်းချုံး၍ကျင်းပခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ထုတ်ပြန်ချက်တစ်ခုအတွင်း ဆိုင်အင်ဝမ်းကို ချီးကျူး ဂုဏ်ပြုခဲ့သည်။ ဆိုင်အင်ဝမ်းကလည်း မိုက်ပွန်ပီယိုကို ကျေးဇူးတင်ကြောင်း၊ ထိုင်ဝမ်-အမေရိကန်ဆက်ဆံရေးမှာ ခိုင်မာပြီး ကတိကဝတ်အပြည့်ရှိကြောင်း တွစ်တာ၌ ရေးသားခဲ့သည်။

–ကိုးကား–
အင်န်အိတ်ချ်ကေ
Ref; Taiwan President Tsai Ing-wen starts new term


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။