Trending Now

မြစ်ကြီးနားမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား လေးသောင်းကျော် ဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား လေးသောင်းကျော် ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၂ (၂၀၂၃)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် ဆွမ်ပရာဘွမ်လမ်းတွင် စက်တင်ဘာ (၂၁)ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် အမျိုးသားသုံးဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား လေးသောင်းကျော် ဖမ်းဆီးရမိ ခဲ့ကြောင်းသိရသည်။

စက်တင်ဘာ ၂၁ ရက်နေ့ တွင် မူးယစ်သတင်းများအရ တပ်ကုန်းရပ်ကွက် ဆွမ်ပရာဘွမ် လမ်းမကြီးတွင် မူးယစ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ အသင့်စောင့်ဆိုင်းဖမ်းဆီးရာတွင် အမျိုးသားသုံးဦးထံမှ မူးယစ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြှစ်က ပြောသည်။

“မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ဆွမ်ပရာဘွမ်လမ်းဘက်ကနေ အမျိုးသားသုံးဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေတာ ၎င်းတို့ဆီကနေ စိတ်ကြွရူးသွပ်ဆေးပြား ၄၆၂၅၀ ပြား ကို ဖမ်းဆီးရမိခဲ့တယ် ” ဟု ၎င်းက ပြောပြသည်။

အဆိုပါ မူးယစ်ဆေးပြာများသည် ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် ၉၂၅ သိန်း ခန့် ရှိကြောင်း သိရပြီး ယင်းအမျိုးသား သုံးဦးထံမှ လက်ကိုင်ဖုန်း ၃ လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးပြား သယ်ဆောင်လာသည့် အမျိုးသားသုံးဦးကို ပလန နယ်မြေရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက် ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။