Trending Now

မျှတတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ဗီတိုအာဏာ ဆက်သုံးသွားမယ်လို့ ရုရှားပြော

Spread the love

မျှတတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ဗီတိုအာဏာ ဆက်သုံးသွားမယ်လို့ ရုရှားပြော

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၂

တာဝန်သိပြီး မျှတတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရုရှားက သူ့ရဲ့ ဗီတိုအာဏာကို ဆက်လက်အသုံးပြုသွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် ဗာဆီလီ နီဗန်ဇီယာ က ပြောပါတယ်။

“တာဝန်သိပြီး မျှတတဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ရုရှားက လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဆက်ပြီး လိုက်နာသွားမယ်လို့ အလေးပေးပြောကြားလိုပါတယ်။ ” လို့ မာလီကို မဲပေးရာမှာ ရုရှားက ဗီတိုအာဏာအသုံးပြုတဲ့အပေါ် ဆွေးနွေးဖို့ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သူက ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မလိုလားအပ်တဲ့ ပဋိပက္ခတွေ ဖန်တီးတာထက် တခြားနိုင်ငံတွေကို အပေးအယူလုပ်ကြဖို့ တိုက်တွန်းထားသလို ဆုံးဖြတ်ချက်ချမှတ်ရာမှာ နိုင်ငံတွေနဲ့ နိုင်ငံသားတွေရဲ့ ဆန္ဒတွေကိုလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထည့်သွင်းစဉ်းစားဖို့ ရုရှားက ပြောဆိုထားတယ်။

သြဂုတ်လ ၃၀ ရက်နေ့က မာလီပေါ် ပိတ်ဆို့အရေးယူမှုကို သက်တမ်းတိုးခြင်းဆိုင်ရာ ဆုံးဖြတ်ချက်မှုကြမ်းကို ပြင်သစ်နိုင်ငံက တင်သွင်းခဲ့ပေမယ့် ရုရှားက ဗီတိုးအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။ ဒီမူကြမ်းဟာ မဲအလုံအလောက်မရခဲ့ဘဲ မာလီအစိုးရအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ရုတ်သိမ်းခဲ့ပါတယ်။

ref; TASS

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။