Trending Now

မိုးညှင်းမြို့ပေါ် အထင်ကရစေတီဘုရားများ၌ ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

Spread the love

မိုးညှင်းမြို့ပေါ် အထင်ကရစေတီဘုရားများ၌ ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

EPN
မိုးညှင်း၊ ဇန်နဝါရီ ၂၆

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ပေါ်ရှိ အထင်ကရစေတီဘုရားများတွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးကို ဇန်နဝါရီ ၂၆ ရက် နံနက် (၇)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်ရှိ အထင်ကရစေတီဘုရားများ ဖြစ်သည့် ကချင်ပြည်နယ်တွင်အကြီးဆုံးဖြစ်သော ပြည်လုံးချမ်းသာ ရွှေသာလျောင်းဘုရားကြီးနှင့် မဟာနိမ္မိတမုနိ မြသိန်းတန်ဘုရားကြီးတို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြတ်ခိုင်ကိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာန ဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများပူးပေါင်း၍ ဘုရားရောင်တော်ဖွင့်ခြင်း၊ ဘုရားပုရဝုဏ်အတွင်းရှိ အမှိုက်တရိုက်များ လှည်းလည်ပေးခြင်း၊ မြက်ပင်များနှင့် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်း၍ လုပ်အားကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။