Trending Now

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် တစ်လအတွင်း သဘာဝဘေးအန္တရာယ် ၇၆ ကြိမ် ဖြစ်ပွားခဲ့ပြီးလလူ ၂၀၀ ကျော်သဘာဝဘေးဒဏ် ခံစားခဲ့ရ 

Spread the love

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် တစ်လအတွင်း သဘာဝဘေးအန္တရာယ် ၇၆ ကြိမ် ဖြစ်ပွားခဲ့ပြီးလလူ ၂၀၀ ကျော်သဘာဝဘေးဒဏ် ခံစားခဲ့ရ

EPN
ပုသိမ်၊ ဖေဖော်ဝါရီ ၉ (၂၀၂၄)

ဧရာဝတီတိုင်းတွင် ယခုနှစ် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း သဘာဝဘေး ၇၆ ကြိမ် ဖြစ်ပွားခဲ့ပြီးလူ ၇ ဦးလထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူ ၂၀၀ ကျော် သဘာဝဘေးဒဏ် ခံစားခဲ့ရကြောင်း သဘာဝဘေးကာကွယ်ရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်အထိ ကာလအတွင်း ဧရာဝတီတိုင်းအတွင်း မြို့နယ်များတွင် သဘာဝဘေးအန္တရာယ် ၇၆ ကြိမ် ဖြစ်ပွားခဲ့ပြီးဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များကြောင့် လူ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ လူဦးရေ ၂၀၀ ကျော် သဘာဝဘေးအန္တရာယ် ခံစားခဲ့ရခြင်းဖြစ်သည်ဟု သဘာဝဘေးကာကွယ်ရေး ဆောင်ရွက်နေသောအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ပြီးခဲ့တဲ့ တစ်လအတွင်း သဘာဝဘေးတွေထဲမှာ လေပြင်းတိုက်ခတ်တဲ့ သဘာဝဘေးနဲ့ ကမ်းပြိုကျတဲ့ ဘေးတွေက အများဆုံး ဖြစ်ခဲ့တယ်။ ကမ်းပြိုကျလို့နေအိမ်တွေပြောင်းရ၊ လေပြင်းတွေ တိုက်လို့ အိမ်တွေပြိုကျဖြစ်တော့ သဘာဝဘေးဒဏ်ကို ခံစားခဲ့ရသူတွေ ရှိတယ်။ လူ သေဆုံးတဲ့ အထိတော့ မဖြစ်ခဲ့ပါဘူး။သက်ဆိုင်ရာက ထောက်ပံ့တာတွေလည်း မနည်းလုပ်ခဲ့တာ ရှိပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိသူတွေက လေပြင်းတိုက်ခတ်လို့ သစ်ပင်ပိတာ၊ တောဆင်ရိုင်း ဘေးတိုက်ခိုက်လို့ ဒဏ်ရာရရှိတာ ” ဟု ၎င်းကပြောသည်။

ဧရာဝတီတိုင်းတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များမှာ လေပြင်းဘေး ၃၃ ကြိမ်၊ ကမ်းပြိုဘေး ၃၉ ကြိမ်၊ မီးဘေး ၂ ကြိမ်၊ တောဆင်ရိုင်းဘေး ၂ ကြိမ်ဖြစ်ပြီး ပုသိမ်ခရိုင်၊ လပွတ္တာခရိုင် ၊ မြောင်းမြခရိုင်၊ ဖျာပုံခရိုင်၊ ဟင်္သာတခရိုင် စသည့် ခရိုင်အတွင်းက မြို့များနှင့် မြို့ခွဲများတွင် သဘာဝဘေးအန္တရာယ်
များ အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

” မြစ်ရေတိုက်စားလို့ ကမ်းပြိုကျပြီး ကမ်းစပ်တစ်လျောက်က အိမ်တွေ ရွှေ့ခဲ့ရတာပါ။ မကြာခဏ ကမ်းပါးပြိုကျတာတွေ ဖြစ်နေတယ်။ ကူညီအားပေးထောက်ပံ့မှု အားနည်းတယ်။ သဘာဝ ဘေး ကမ်းပြိုကာကွယ်ရေးကို ကြိုကြို တင်တင် မလုပ်ဖူးဆိုရင် အခြေအနေက ပိုဆိုးမှာ ” ဟု ဧရာဝတီတိုင်းက
ဒေသခံတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းတွင် သဘာဝဘေးဒဏ်ကြောင့် လုံးဝပျက်စီးသွားသည့် နေအိမ်များနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရသည့် နေအိမ်များလည်းရှိခဲ့ပြီး၊ ကမ်းပြိုကျမှု ဖြစ်ပေါ်လာသဖြင့် အရေးပေါ်ဖျက်သိမ်းပြီး ဘေးလွတ်သောနေရာသို့ပြောင်းရွှေ့ခဲ့သည့် နေအိမ်များလည်း ရှိခဲ့ကြောင်း သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။