Trending Now

ဖလော်ရီဒါ အသင်းက အရှည် ၁၈ ပေရှိပြီး ၂၁၅ ပေါင်အလေးချိန်ရှိတဲ့ မြန်မာ့စပါးအုံးမြွေကို ရှာဖွေတွေ့ရှိ

Spread the love

ဖလော်ရီဒါ အသင်းက အရှည် ၁၈ ပေရှိပြီး ၂၁၅ ပေါင်အလေးချိန်ရှိတဲ့ မြန်မာ့စပါးအုံးမြွေကို ရှာဖွေတွေ့ရှိ

EPN
နိုင်ငံတကာ၊ ဇွန် ၂၉

အမေရိကန် ဖလော်ရီဒါပြည်နယ်အတွင်း ဖမ်းမိခဲ့သမျှထဲမှာ အလေးဆုံး မြန်မာ့စပါးအုံးမြွေကို ဇီဝဗေဒပညာရှင်အဖွဲ့တစ်ဖွဲ့က မကြာသေးမီက ဖမ်းဆီးရမိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အဆိုပါ စပါးအုံးမြွေဟာ (အမ) တစ်ကောင်ဖြစ်ပြီး အလေးချိန် ၂၁၅ ပေါင်အထိရှိကာ အရှည် ၁၈ ပေ နီးပါးရှည်လျားတဲ့အပြင် ဥ ၁၂၂ လုံး ပါရှိတယ်လို့ ဇီဝဗေဒပညာရှင်အဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ စပါးအုံးမြွေကိုဖမ်းဆီးနိုင်ဖို့အတွက် အထူးပြုလုပ်ထားတဲ့ ရေဒီယို အသံလွင့်စက်တွေကို အသုံးပြုခဲ့ရတယ်လို့ တောရိုင်းတိရစ္ဆာန်ဇီဝဗေဒပညာရှင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိပ္ပံပရောဂျက်မန်နေဂျာ ကပြောပါတယ်။

“အကြောင်းပြချက်တစ်ခုကတော့ သူမအဲဒီမှာရှိနေတာကို ကျွန်တော်တို့သိပါတယ်၊ ပြီးတော့ အဖွဲ့က သူ့ကို ဒီနေ့အထိ တွေ့ဖူးတဲ့ ထဲမှာ အကြီးဆုံးဆိုတာ သိလိုက်ရပါတယ်။” လို့ ဇီဝပညာရှင် အီရန် အက်စ်တာလင် ကပြောပါတယ်။

ဖလော်ရီဒါ တောရိုင်းတရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အစီအစဉ်ကို ၂၀၁၃ ခုနှစ်မှာ စတင်ပြီးကတည်းက ကျူးကျော်ဝင်ရောက်လာတဲ့ စပါးအုံးမြွေ ၁၀၀၀ ကျော်ကို ဖလော်ရီဒါအနောက်တောင်ပိုင်းရှိ စတုရန်းမိုင် ၁၀၀ အတွင်းက နေဖယ်ရှားပြစ်ခဲ့ပါတယ်။

အဲဒီလို စပါးအုံးမြွေတွေကို ဖယ်ရှားပြစ်ရတာဟာ စပါးအုံးမြွေတွေရဲ့ လျင်မြန်စွာမျိုးပွားနိုင်မှုနဲ့ သူတို့နေထိုင်ရာ ပတ်ဝင်ကျင်မှာ ထိမ်းသိမ်းထားတဲ့ တောရိုင်းတိရစ္ဆာန်တွေ လျော့နည်းလာတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Source – AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။