Trending Now

”၇၂နှစ်မြောက်အာဇာနည်နေ့” အထိမ်းအမှတ်အဖြစ် MPT ဦးဆောင်၍ သွေးလှူဒါန်း

Spread the love

”၇၂နှစ်မြောက်အာဇာနည်နေ့” အထိမ်းအမှတ်အဖြစ် MPT ဦးဆောင်၍ သွေးလှူဒါန်း

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၈

ဇူလိုင်လ ၁၉ရက်နေ့တွင် ကျရောက်မည့် ”၇၂ နှစ်မြောက် အာဇာနည်နေ့”အထိမ်းအမှတ်အဖြစ် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး၌ လူဦးရေ(၈၀)ကျော် ခန့်ကျော်သွေးလှူ ဒါန်းခဲ့ကြသည်။

အဆိုပါ သွေးလှူဒါန်းပွဲကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မြစ်ကြီးနားရုံး မှ ဦးဆောင်ပြီး ရှစ်ကြိမ်မြောက်လှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။

“နှလုံးသားထဲကမြန်မာဆိုတဲ့အစီအစဉ်နဲ့ ရှစ်ကြိမ်မြောက်လှူဒါန်းတာပါ။ ကျွန်တော်တို့ တတ်စွမ်းသမျှ ကုသိုလ်တွေထဲက အကောင်းဆုံးကုသိုလ် လို့ခေါ်တဲ့ မိမိသွေးနဲ့အခြားသူတွေရဲ့ အသက်ကိုကယ်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးတွေနဲ့လှူ ဒါန်းတာပါ”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (မြစ်ကြီးနားရုံး)မှ တာဝန်ရှိတစ်ဦးဖြစ်သူဦးအောင်လွင် က ပြောသည်။

အဆိုပါသွေးလှူ ဒါန်းပွဲတွင် MPTမှ (၂၀)ဦးကျော်ပါဝင်ပြီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ပေါင်းစုံမှ စေတနာသွေးအလှူရှင်များ ပေးဆပ်သူလူမှုကူညီရေးအသင်း၊ ကချင်ပြည်နယ် သွေးကြီးကြပ်မှုကော်မတီ၊ အစ္စလာမ်လူငယ်အဖွဲ့အစည်းများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ပေါင်းစုံမှ စေတနာသွေးအလှူရှင်များ စုစုပေါင်း(၈၀)ဦးကျော်ပါဝင်ခဲ့ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မြစ်ကြီး နားရုံးမှ ၇၂နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဖြစ် လာမည့် (၁၉)ရက်နေ့တွင် ပြည်သူ့ဆေးရုံကြီး၌ ပစ်ပင်စိုက်ပျိုးသွားရန်ရှိကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။