Trending Now

ဆယ့်နှစ်ဘီးယာဉ်နှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်စီးလာသူ နှစ်ဦးသေဆုံး

Spread the love

ဆယ့်နှစ်ဘီးယာဉ်နှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်စီးလာသူ နှစ်ဦးသေဆုံး

EPN
အင်းတော်၊ ဇွန် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ပင်ဝယ်ကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ်တွင် (၁၂)ဘီးယာဉ်နှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးလုံး အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ဇွန်လ(၂၀)ရက် ညနေ(၅)နာရီခွဲအချိန်ခန့်တွင် အင်းတော်မြို့နယ် ပင်ဝယ်ကျေးရွာနှင့် တုံးလုံကျေးရွာကြား ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိုက်မှု ဖြစ်ပွားရာသို့ ပင်ဝယ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်ရွှေဦးနှင့် ပင်ဝယ်ကျေးရွာ ရဲကင်းမှူးဒုရဲအုပ်ဝင်းကိုတို့မှ သွားရောက်စစ်ဆေးခဲ့ရာ ကားလမ်းမိုင်တိုင်အမှတ် 248-Km အနီး ကားလမ်းအကွေ့တွင် ရွှေဘို-မြစ်ကြီးနား ကားလမ်းအတိုင်း မော်လူးမြို့မှ ပင်ဝယ်ဘက်သို့ ဦးကျော်သိန်းဝင်း ၄ဝနှစ် (ဘ)ဦးအောင်တင် မန်လည်ရွာ အင်းတော်မြို့နယ် မောင်းနှင်ပြီး ဝင်းလွင်ဦး ၅၀နှစ်(ဘ)ဦးဝင်းရွှေ တောင်သူ မန်လည်ရွာ အင်းတော်မြို့နယ် လိုက်ပါလာ သည့် YINXIANG 125 အနက်ရောင် ဆိုင်ကယ်သည် လမ်းကွေ့တွင် အရှိန်မထိမ်းနိုင်ဘဲလမ်း၏ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိစဉ် မျက်နှာချင်းဆိုင်လမ်းကြောအတိုင်း မောင်းနှင်လာသည့် အောင်စိုးသိန်း(ခ) သန်းဇော်ဦး ၃၈နှစ် (ဘ)ဦးကျော်ငြိမ်း ယာဉ်မောင်း လယ်ပြင်ကျေးရွာ အင်းတော်မြို့နယ်နေသူက မောင်းနှင်ပြီး ယာဉ်နောက်လိုက် ပြည့်ဖြိုးအောင် ၁၉နှစ်(ဘ)ဦးသိန်းထွန်းတို့ လိုက်ပါလာသည့် NISSAN ဖြူ/စိမ်းရောင် (၁၂)ဘီးယာဉ်၏ ဝဲဘက်မီးခွက်အား တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထိုသို့တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်သူနှစ်ဦးစလုံးမှာ ကားယာဉ်ကြော၏ ဘယ်ဘက်ခြမ်း ကားလမ်းမပေါ် လဲကျခဲ့ပြီး ကျော်သိန်းဝင်း တွင် ဦးခေါင်းဝဲဘက်ခြမ်း ကွဲကြေဒဏ်ရာနှင့် ယာဖက်လက်ဖမိုး စုတ်ပြဲဒဏ်ရာ၊ ဝင်းလွင်ဦးတွင် ယာဘက်မျက်ခုံး (၁)လက်မ ကွဲပြဲဒဏ်ရာ၊ ယာဘက်နားသွေးထွက်ဒဏ်ရာ၊ ဝဲလက်ကောက်ဝတ် ကျိုးကြေ ဒဏ်ရာတို့ဖြင့် နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ကြသဖြင့် ရဲဆေးစာနှင့်အတူ အင်းတော်မြို့ ပြည့်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသက်သေဆုံးစေနိုင်အောင် ဆိုင်ကယ်အားအရှိန်ပြင်းစွာ မဆင်မခြင် မောင်းနှင်သူ ကျော်သိန်းဝင်း ဆိုသူအား မော်လူးနယ်မြေရဲစခန်းက ယာဉ်(ပ)၈/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။