Trending Now

မုံရွာမြို့နယ် သာစည်အကျဥ်းထောင်သစ် တည်ဆောက်ရေး လုပ်ငန်းခွင်က ဒုတိယကြီးကြပ်ရေးမှူး အင်ဂျင်နီယာ ၁ ဦး ၊ PDF က ဖမ်းဆီးထား

Spread the love

မုံရွာမြို့နယ် သာစည်အကျဥ်းထောင်သစ် တည်ဆောက်ရေး လုပ်ငန်းခွင်က ဒုတိယကြီးကြပ်ရေးမှူး အင်ဂျင်နီယာ ၁ ဦး ၊ PDF က ဖမ်းဆီးထား
EPN
မုံရွာ ၊ စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ရဲ့ အရှေ့မြောက်ဘက် သာစည်ကျေးရွာ ၊ သာစည်ဆည်နားမှာ အသစ်တည်ဆောက်နေတဲ့ သာစည် အကျဥ်းထောင်သစ် တည်ဆောက်ရေး လုပ်ငန်းခွင်က ဒုတိယ ကြီးကြပ်ရေးမှူးဖြစ်သူ အင်ဂျင်နီယာ ၁ ဦးကို PDF တွေက ဖမ်းဆီးထားတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
အဲ့ဒီ ထုတ်ပြန်ချက်ထဲမှာ မုံရွာမြို့နယ် ၊ သာစည်အကျဥ်းထောင်သစ် တည်ဆောက်ရေး လုပ်ငန်းခွင်က ဒုတိယကြီးကြပ်ရေးမှူး ဦးမျိုးညွှန့်အောင် ဆိုသူကို သာစည်လမ်းပေါ်မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
” သူတို့က သွားတဲ့ လာတဲ့အခါ ၊ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေရဲ့ အကူအညီကို မယူဘူး ၊ သူတို့သဘောနဲ့ သူတို့သွားလာနေတယ် ၊ အဲ့ဒါကြောင့် အခုလို ဖြစ်တာပါ ၊ သူပျောက်နေတာ ၂ ရက်ရှိပြီလို့ သိရတယ် ၊ ကုမ္မဏီအဖွဲ့တွေနဲ့ သွားလာရင်း မုံရွာနဲ့ သာစည်အကြားမှာ ပျောက်နေတာ ” လို့ သာစည် အကျဥ်းထောင်သစ် တည်ဆောက်ရေး လုပ်ငန်းခွင် အသိုင်းအဝိုင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း သြဂုတ်လကုန်းပိုင်းက အဲ့ဒီ သာစည် အကျဥ်းထောင်သစ် တည်ဆောက်ရေး လုပ်ငန်းခွင်ကို ဆောက်လုပ်ရေး ပစ္စည်းတွေ သွားရောက်ပို့ဆောင်တဲ့ သံပင်ကုန်တင်ကား ၂ စီးကိုလည်း PDF က ဖမ်းဆီးကာ ကားပေါ်ပါ သံပင် ၁၀ တန်းနဲ့ ကားသမားတွေ ဖမ်းဆီးထားတာ ဖြစ်ခဲ့ပါသေးတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။