Trending Now

အိန္ဒိယနိုင်ငံမှာ နွားအရေပြားအဖုအကျိတ်ရောဂါ ဆက်လက်ပျံ့နှံ့နေ

Spread the love

အိန္ဒိယနိုင်ငံမှာ နွားအရေပြားအဖုအကျိတ်ရောဂါ ဆက်လက်ပျံ့နှံ့နေ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၂

အိန္ဒိယနိုင်ငံမှာ နွားအရေပြားအဖုအကျိတ်ရောဂါ ဆက်လက်ပျံ့နှံ့နေပြီး အရေပြားရောဂါ (LSD) ကြောင့် လေးလခွဲအတွင်း နွားအကောင်ရေ ၅၇,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နွားကောင်ရေ ၄၀၀၀ ကျော် သေဆုံးခဲ့တဲ့ အနောက်ဂူဂျာရတ်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဧပြီလက ပထမဆုံးဖြစ်ပွားမှုကို စတင်တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပန်ဂျပ်၊ ဂူဂျာရတ်၊ ရာဂျစသန်၊ အူတာပါဒစ်ရှ် စတဲ့ ပြည်နယ်တွေအထိ ကူစက်ပြန့်ပွားနေပါတယ်။

ဂူဂျာရတ် အနီးက ရာဂျစသန် ပြည်နယ်မှာတော့ အခုအချိန်အထိ နွားအကောင်ရေ ၂၇၀၀၀ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

LSD ဟာ ကျွဲနွားတွေကို ထိခိုက်စေတဲ့ ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပြီး ယင်၊ ခြင် နဲ့ ကြွက်တွေက တဆင့် ကူးစက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ကျွဲနွားတွေဟာ အရေးပြားပေါ်မှာ အဖုတွေဖြစ်ပေါ်ပြီး ဖျားနာကာ သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။

ဒေလီအစိုးရဟာ ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ အစီအမံတွေ လုပ်ဆောင်နေပြီး တိရစ္ဆာန်မွေးမြူရေးဌာနက ရွေ့လျားတိရစ္ဆာန်ဆေးကုခန်းတွေ၊ အထူးသီးသန့်ဆောင်တွေနဲ့ ရောဂါကူးစက်မှုကို တိုက်ဖျက်ဖို့အတွက် အရေးပေါ် အကူအညီပေးရေး လိုင်းနံပါတ်တစ်ခု ထူထောင်ထားတယ်လို့ ဆိုပါတယ်။

“အခုတော့ အားလုံး ထိန်းချုပ်နိုင်နေပါပြီ။ ရွေ့လျားကုသရေး ဆေးခန်း ၂ ခုကို ရောဂါဒဏ်သင့် ဒေသတွေဆီ ပို့ထားပါတယ်။ လူတွေက နွားတွေကို ကုသဖို့အတွက် အကူအညီပေးနေတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်လို့ ရပါတယ်” လို့ တိရစ္ဆာန်မွေးမြူရေးဌာနက တာဝန်ရှိသူက ပြောပါတယ်။

ရောဂါကူးစက်ခံရတဲ့ နွားတွေကို ကုသဖို့အတွက် အရေးအပေါ် တုံ့ပြန်ရေးအဖွဲ့ ၁၁ ဖွဲ့စည်းထားပြီး လယ်သမားနဲ့ နွားမွေးမြူသူတွေကို အသိပညာပေးဖို့ အဖွဲ့ ၄ ဖွဲ့ ဖွဲ့စည်းထားတယ်လို့ သူကဆက်ပြောပါတယ်။

အစိုးရက ကျွဲနွားပိုင်ရှင်တွေကို ကြံပေးချက်ထုတ်ပြန်ထားပြီး ရောဂါဖြစ်ပွားနေတဲ့ နွားတွေကို သန့်ရှင်းစွာထားဖို့၊ ရောဂါပိုးရှိတဲ့ နွားတွေကို အပြင်မထုတ်ဖို့၊ ခြင်နဲ့ ယင်ကောင်တွေက တစ်ဆင့်ကူးစက်ပြန့်ပွားမှုမရှိစေဖို့အတွက် ပိုးသတ်ဆေးအသုံးပြုဖို့နဲ့ သေဆုံးသွားတဲ့ နွားအသေကောင်တွေကို ဆား နဲ့ သံပုရာသီးကို အသုံးပြုပြီး သင်္ဂြိုဟ်ဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

တိရစ္ဆာန်တွေ ဖျားနာလာပါက မိမိဖာသာ ကုသခြင်းမပြုလုပ်ဘဲ အရေးပေါ်အကူအညီလိုင်းကို ဆက်သွယ်ကာ တိရစ္ဆာန်ဆရာဝန် နဲ့ကုသဖို့ အကြံပေးပြောဆိုထားပါတယ်။

အန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ လက ကာကွယ်ဆေးကို Lumpi-ProVacInd စတင်ထုတ်လုပ်ခဲ့ပြီး ရောဂါဖြစ်ပွားမှုကို ၂၀၁၉ ခုနှစ်က စတင်တွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်းက သုတေသနအဖွဲ့အစည်းတွေက ကာကွယ်ဆေးထုတ်လုပ်ဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

— ကိုးကား —
ဆင်ဟွာ
Ref; Spread of lumpy skin disease among cattle continues in India, reaches Delhi

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။