Trending Now

မြန်မာ့တပ်မတော်က တရုတ်နိုင်ငံထုတ် SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည်များ လက်ခံရရှိမည်

Spread the love

မြန်မာ့တပ်မတော်က တရုတ်နိုင်ငံထုတ် SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည်များ လက်ခံရရှိမည်

EPN
နိုင်ငံတကာ၊ ဧပြီ ၈

တရုတ်နိုင်ငံမှ ထုတ်လုပ်သော SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည် ပထမအသုတ်ကို မြန်မာ့တပ်မတော်က မကြာမီ လက်ခံရရှိတော့မည်ဖြစ်ကြောင်း သိရသည်။

ဒီဒုံးကျည်စနစ်ရရှိရန် နှစ်နိုင်ငံကြား ဆွေးနွေးမှုများ နှစ်နဲ့ချီကြာမြင့်အောင် ပြုလုပ်ခဲ့ရတယ်ကြောင်း ကမ္ဘာ့ လက်နက်ရောင်း၀ယ်ရေးသတင်းများ ဖော်ပြနေသော armyrecognition.com က ဆိုသည်။

တရုတ်နိုင်ငံထုတ် SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည်၀ယ်ယူရာမှာ နည်းပညာပိုင်းဆိုင်ရာနှင့် ချေးငွေများကို လည်း မြန်မာနိုင်ငံက ရရှိမှာဖြစ်ကြောင်း သိရသည်။

SY-400 စနစ်မှာ တာတိုပစ်ဒုံးကျည်နဲ့ အတွဲလိုက်ဒုံးပစ်လောင်ချာစနစ်ကို တွဲဖက်ထားတဲ့ တစ်မူထူးခြားတဲ့ ဒုံး ကျည်စနစ်တစ်ခုဖြစ်ပြီး၊ ပဲ့ထိန်းစနစ်တပ်ဆင်ထားတဲ့ ဒုံးကျည်တွေကို ပစ်ခတ်နိုင်စွမ်းရှိကြောင်း သိရသည်။

SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည်များဖြင့် မတူညီသောပစ်မှတ်များကို ချိန်ရွယ်၍ ပစ်ခတ်နိုင်ကြောင်း သိရ သည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ကာတာတပ်မတော်က တရုတ်ထုတ် SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည် ကို ၀ယ်ယူခဲ့ကြောင်း သိရသည်။

SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည်များကို ယင်းနှစ်တွင်ပြုလုပ်သည့် ကာတာအမျိုးသားနေ့ စစ်ရေးပြပွဲအခမ်းအ နား ကြိုတင်ဇာတ်တိုက်မှုတွင် ထုတ်ဖော်ပြသခဲ့သည်။

–ကိုးကား–armyrecognition.com
Ref; Myanmar to receive first batch of Chinese SY-400 short-range ballistic missiles


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။