Trending Now

ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံအားပေးသည့် ထိုင်ဝမ်အရာရှိ ခုနစ်ဦးကို တရုတ်က ပိတ်ဆို့အရေးယူ

Spread the love

ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံအားပေးသည့် ထိုင်ဝမ်အရာရှိ ခုနစ်ဦးကို တရုတ်က ပိတ်ဆို့အရေးယူ

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၆

ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံအားပေးသည့် ထိုင်ဝမ်အရာရှိ ခုနစ်ဦးကို တရုတ်နိုင်ငံက ဒဏ်ခတ်အရေးယူလိုက်ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက သြဂုတ် ၁၆ ရက် တွင် ဖော်ပြခဲ့သည်။

အမေရိကန် လွတ်တော်အမတ်အုပ်စု၏ ယမန်နေ့က သွားရောက်ခဲ့သည့် ထိုင်ဝမ်ခရီးစဉ်ပြီးနောက် တရုတ်ဘက်က ပိတ်ဆို့အရေးယူမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုင်ဝမ်အား တရုတ်နိုင်ငံဘက်က နိုင်ငံပိုင်ကျွန်းတစ်ခုအဖြစ် ရှု့မြင်ထားပြီး ကျွန်း၏ လွတ်လပ်ရေးကို အားပေးသူများနှင့် သက်ဆိုင်သူများကို ပြင်ပြင်ထန်ထန် တုံ့ပြန်မည်ဟု သတိပေးထားသည်။

ယခုအကြိမ် တရုတ်ဘက်က ပိတ်ဆို့အရေးယူလိုက်သူများမှာ ဝါရှင်တန်ဆိုင်ရာ တရားဝင် ထိုင်ဝမ်သံအမတ် နှင့် ထိုင်ဝမ်အမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူးချုပ် Wellington Koo တို့ အပါအဝင် ထိုင်ဝမ်၏ အာဏာရနိုင်ငံရေးပါတီဖြစ်သည့် ဒီမိုကရက်တစ်တိုးတက်ရေးပါတီမှ နိုင်ငံရေးသမားများလည်းပါဝင်ကြောင်း သိရသည်။

ဒဏ်ခတ်ပိတ်ဆို့ထားသူများသည် တရုတ်၊ ဟောင်ကောင်နှင့် မကာအိုသို့ သွားရောက်နိုင်မည်မဟုတ်ကြောင်း ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး ၎င်းတို့နှင့် သက်ဆိုင်သည့် ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများကိုလည်း တရုတ်နိုင်ငံအတွင်း မှ လုပ်ငန်းများကို ပိတ်ဆို့အရေးယူသွားမည်ဟုဆိုသည်။

Source – CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။