Trending Now

မြစ်ကြီးနားတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့တွင် မိုးရာသီအကြိုဒေသသစ်မျိုးရင်း (၁၈၀၀)နီးပါးစိုက်ပျိုးမည်ကို ပြည်နယ်သယံဇာတရေးရာဝန်ကြီးလိုက်လံကြည့်ရှူ့

Spread the love

မြစ်ကြီးနားတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့တွင် မိုးရာသီအကြိုဒေသသစ်မျိုးရင်း (၁၈၀၀)နီးပါးစိုက်ပျိုးမည်ကို ပြည်နယ်သယံဇာတရေးရာဝန်ကြီးလိုက်လံကြည့်ရှူ့

EPN
မြစ်ကြီးနား ၊မေ ၄

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ပေါ်ရှိ နည်းပညာတက္ကသိုလ်နှင့် မြစ်ကြီးနားတက္ကသိုလ်တို့တွင် မိုးရာသီအကြိုဒေသသစ်မျိုးရင်း သစ်ပင် (၁၈၀၀)နီးပါးစိုက်ပျိုးမည်ကို ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်မှ ယနေ့ နေ့လည်အချိန်က လိုက်လံကြည့်ရှူ့ခဲ့သည်။

အဆိုပါ စိုက်ပျိုးသွားမည့် တက္ကသိုလ်နှစ်ခုတွင် ဒေသသစ်မျိုးရင်းနှစ်ရှည်သစ်ပင် များစိုက်ပျိုးသွားမှာဖြစ်ပြီး စိုက်ပျိုးမည့်သစ်ပင်များအား ရှင်သန်စေရန် ပြည်နယ်သယံဇာတ‌ရေးရာဝန်ကြီး ဦးတိန့်ဆောင်မှ မှာကြားခဲ့ကြောင်း ပြည်နယ်သစ်တောဦးစီးမှူးကပြောဆိုခဲ့သည်။

“မိုးရာသီအကြိုသစ်ပင်စိုက်ကွက်နေရာတွေကို ဒီကနေဝန်ကြီးလိုက်လံကြည့်တယ် စိုက်ပျိုးတဲ့အပင်တွေ ကို ရှင်သန်အောင် အထူးဂရုစိုက်ပျိုးကြဖို့နဲ့ စိုက်ပျိုးတဲ့အချိန်မှာလည်း လိုအပ်တဲ့ မြေဩဇာအသုံးပြုကြရန် အဓိကကတော့ စိုက်တဲ့သစ်ပင်တွေ ရှင်သန်ဖို့ပေါ့ အထူးမှာတယ်” ဟု ၎င်းကပြောသည်။

မြစ်ကြီးနား တက္ကသိုလ်ကျောင်းနှင့် နည်းပညာတက္ကသိုလ်ကျောင်းတို့တွင် ဒေသသစ်မျိုးရင်းတို့အား တစ်နေရာထဲ၌ စုံစုံလင်လေ့လာနိုင်ရန်ရည်ရွယ်ပြီး စိုက်ပျိုးပေးရခြင်းဖြစ်ကြောင်း ပြည်နယ်သစ်တောဦးစီးမှူးကထည့်သွင်းပြောဆိုသည်။

“တက္ကသိုလ်ကျောင်းက ရုက္ခဗေဒကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းဝန်းထဲမှာ ဒေသသစ်မျိုးရင်းတွေကို လေ့လာနိုင်ဖို့နဲ့ စိမ်းလန်းစိုပြေသာယာလှပစေရေးအတွက်စိုက်ပျိုးပေးတာဖြစ်တယ် မြစ်ကြီးနား တက္ကသိုလ်ကျောင်းမှာ သစ်မျိုးရင်း အမျိုးစား (၂၄)မျိုးစိုက်မယ် အပင်အရေးအတွက် (၁၃၅၀)ပင် ပြီးတော့ နည်းပညာတက္ကသိုလ် ကျောင်းမှာ သစ်ပင်(၄၄၄)ပင် သစ်မျိုးစားက ၇မျိုး ထည့်စိုက်ပေးသွားမယ် “၎င်းကပြောသည်။

အဆိုပါ မိုးရာသီအကြိုဒေသသစ်မျိုးရင်း သစ်ပင်စိုက်ပွဲအား ယခုလနှစ် ဇွန်လအတွင်း သက်ဆိုင်ရာတာဝန်ရှိ ဆရာ/ဆရာမတို့နှင့် အတူတကွစိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။

ကချင်ပြည်နယ်တွင် အများနှင့်ဆိုင်သည့်နေရာများတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအနေဖြင့် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့တွင် ပြည်နယ်သစ်တောဦးစီးဌာနမှ ဦးစီး၍ ခရိုင်မြို့နယ်အလိုက် နှစ်စဉ်သစ်ပင်စိုက်ခြင်းအား ပြုလုပ်ပေးလေ့ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။