Trending Now

လက်ဘက်ရည်ဆိုင်ထဲမှာ လူငယ်အချင်းချင်း စကားများရာက သေနတ်နဲ့ပစ်လို့ လူ ၃ ဦးသေဆုံး

Spread the love

လက်ဘက်ရည်ဆိုင်ထဲမှာ လူငယ်အချင်းချင်း စကားများရာက သေနတ်နဲ့ပစ်လို့ လူ ၃ ဦးသေဆုံး

EPN

မုံရွာ ၊ အောက်တိုဘာ ၊ ၁၉

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက် ၊ ဗိုလ်တေဇလမ်းမှာ ရှိတဲ့ လက်ဘက်ရည်ဆိုင်ထဲမှာ ဒီကနေ့ ညနေပိုင်းက လူငယ်အချင်းချင်း စကားများရန်ဖြစ်ရာက သေနတ်နဲ့ပစ်လို့ လူ ၃ ဦးသေဆုံးသွားတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ဆိုင်ကယ် ၄ စီးနဲ့ လူငယ် ၆ ယောက် လက်ဘက်ရည်သောက်ဖို့ အတူရောက်လာတယ် ၊ လက်ဘက်ရည်မှာသောက်ပြီးနောက် သူတို့အချင်းချင်း စကားများရာကနေ သေနတ်နဲ့ ထုတ်ပစ်လို့ ၃ ဦးသေသွားတာဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ၃ လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်ပြီး မုံရွာနယ်မြေရဲစခန်းနဲ့ နီးစပ်သူတယောက်က ” ဗိုလ်တေဇ လမ်းက မိဘမေတ္တာ လက်ရည်ဆိုင်ထဲမှာ ဖြစ်တာပါ ၊ ပစ်သတ်ခံရတဲ့ လူငယ် ၃ ဦးက အသက် ၁၆ / ၁၇ အရွယ်တွေဖြစ်တယ် ၊ အဲ့ဒီ သေဆုံးသူတွေဟာ ဘယ်သူတွေလဲဆိုတာ စုံစမ်းနေဆဲဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်စဥ်ကို မုံရွာနယ်မြေရဲစခန်းက အမှုရေးဖွင့်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက် နေ့ခင်းပိုင်းက အခု ဖြစ်ပွားတဲ့ ၃ လောင်းပြိုင် လူသတ်မှုနေရာအနီး ဝန်းကျင်မှာ အသက် ၅၁ နှစ်အရွယ် HIV ရောဂါသည် အမျိုးသမီး ၁ ဦးနဲ့ အမည်မသိ အမျိုးသား ၂ ဦးတို့ ပစ်သတ်ခံရတာ ဖြစ်ပွားခဲ့ပါတယ်။

သွန်းသွန်း
May be an image of 2 people

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။