Trending Now

ကျိုင်းတုံမြို့နယ်တွင် ဆယ်အိမ်မှူးတစ်ဦးကို လုပ်ကြံသတ်ဖြတ်သူများအား ဖမ်းဆီးရမိရေး အမှုဖွင့်စစ်ဆေးလျက်ရှိ

Spread the love

ကျိုင်းတုံမြို့နယ်တွင် ဆယ်အိမ်မှူးတစ်ဦးကို လုပ်ကြံသတ်ဖြတ်သူများအား ဖမ်းဆီးရမိရေး အမှုဖွင့်စစ်ဆေးလျက်ရှိ

EPN
ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၂၁ (၂၀၂၄)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပန်ယောင်းကျေးရွာ၏ ဆယ်အိမ်မှူးတစ်ဦးကို လုပ်ကြံသတ်ဖြတ်သွားသူများအား ဖမ်းဆီးရမိရေးအတွက် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ပန်ယောင်းကျေးရွာ၏ ဆယ်အိမ်မှူးတစ်ဦးဖြစ်သူ ကျားမူး (၃၅)နှစ်သည် ပြီးခဲ့သည့် ‌ဖေဖော်ဝါရီ ၁၇ ရက်၊ နံနက် ၁၀ နာရီခန့်က ၎င်း၏ဇနီးဖြစ်သူနှင့်အတူ ဆိုင်ကယ်ဖြင့် နမ့်ဆီ (၁)ကျေးရွာတွင် ပြုလုပ်သည့် လားဟူနှစ်သစ်ကူးပွဲမှ ပန်ယောင်းကျေးရွာသို့ တောလမ်းအတိုင်း ပြန်လာခဲ့ကြောင်း သိရသည်။

” ပြန်လာတဲ့လမ်းမှာ လုပ်ကြံခံရတာ။ သူတို့လင်မယားနှစ်ယောက် ဆိုင်ကယ်မောင်းလာတဲ့အချိန် အခင်းဖြစ်တဲ့နေရာမှာ သစ်တုံးတွေပိတ်နေလို့ ကျာမူးက ပိတ်နေတဲ့ သစ်တုံးတွေကိုဖယ်ဖို့ ဆိုင်ကယ်ပေါ်က ဆင်းလိုက်တဲ့အချိန် သေနတ်နဲ့ အရင်ပစ်ခံရတာ။ ပစ်ခံရပြီးတာနဲ့ လဲကျသွားတယ်။ သူ့အမျိုးသမီးကတော့ ထွက်ပြေးလာလို့ လွတ်သွားတယ်။ ဒီဖြစ်စဥ်ကိုလည်း သူ့အမျိုးသမီးပြန်ပြောပြလို့ သိရတာ ” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထွက်ပြေးလွတ်မြောက်ခဲ့သည့် ရာအိမ်မှူး ကျာမူး၏ ဇနီးဖြစ်သူမှ ပန်ကြူကျေးရွာအုပ်ချုပ်ရေးမှူးကို ဖြစ်စဥ်အားအကြောင်းကြားခဲ့သဖြင့် တာဝန်ရှိသူများက အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေးရာ ကျာမူးမှာ ကျည်ထိမှန်ဒဏ် ရာ၊ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။

အဆိုပါ ဖြစ်စဥ်အား ကျိုင်းတုံမြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးတို့အတွက် (ပ) ၃၅/ ၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ လုံခြုံရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။