Trending Now

ရုပ်ရှင်သရုပ်ဆောင် ဒေါင်းနှင့် အဆိုတော် ဟန်ထူးလွင် အပါအဝင် (၁၇)နှစ်ဦးကို မြန်မာနိုင်ငံသားအဖြစ်မှ ရပ်စဲ

Spread the love

ရုပ်ရှင်သရုပ်ဆောင် ဒေါင်းနှင့် အဆိုတော် ဟန်ထူးလွင် အပါအဝင် (၁၇)နှစ်ဦးကို မြန်မာနိုင်ငံသားအဖြစ်မှ ရပ်စဲ

EPN

မြစ်ကြီးနား ၊ ဧပြီ ၂

ရုပ်ရှင်သရုပ်ဆောင် ဒေါင်းနှင့် အဆိုတော် ဟန်ထူးလွင် အပါအဝင် (၁၇)နှစ်ဦးကို မြန်မာနိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယမန်နေ့ ညပိုင်းတွင် ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံသားအဖြစ်မှ ရပ်ဆဲခံရသောပုဂ္ဂိုလ်များမှာ နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်ပြီး ပြည်ပနိုင်ငံများသို့ တရားမဝင် ထွက်ခွာသွားခြင်း၊ မြန်မာနိုင်ငံ၏အကျိုးကို ထိခိုက်စေနိုင်သော လုပ်ဆောင်ချက်များအား ပြုလုပ်ခဲ့ကြသည့်အတွက် နိုင်ငံသားအဖြစ်မှ ရပ်စဲခဲ့ခြင်းဖြစ်သည်။

နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူများမှာ သရုပ်ဆောင် ဒေါင်း၊ အဆိုတော် ဟန်ထူးလွင်၊ ဦးမောင်မောင်လတ်၊ ဦးကျော်မိုးထွန်း၊ဦးအောင်ကျော်နိုင်၊ဒေါ်မြမြကြည်၊ ဦးကျော်စွာမင်း ၊ဒေါ်သက်ထားမြရည်စံ ၊ ဒေါ်စုစုအောင် ဦးကျော်စွာထွန်း၊ ဒေါ်ကြူကြူမြင့်၊ဒေါ် မြတ်သွယ်အောင်၊ဒေါ်ယမင်းယု၊ ဦးရဲခေါင် ၊ မိက်ကပ်ပညာရှင် မေဦး ၊ ဦးညီညီ၊ တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ(၁၇)ဦးတို့အား ယမန်နေ့ ညနေ ၅နာရီအချိန်တွင် စိစစ်ဖော်ထုတ်ချက်အရ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၆၇၊ ဖွဲ့စည်းသည့် ဗဟိုအဖွဲ့ ပုဒ်မ ၆၈ ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် ပုဒ်မ ၁၆ နှင့်အညီ ယင်းပုဂ္ဂိုလ်များအား နိုင်ငံသားအဖြစ်ရပ်ဆဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်မတ်လ ၄ ရက်နေ့တွင်လည်း ကိုမင်းကိုနိုင်၊ အိပန်ဆယ်လို၊ ကိုမျိုးရန်နောင်သိန်း အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီး ဖြစ်သည့် ဒေါက်တာ ဇော်ဝေစိုး၊ ဦးရည်မွန်၊ ဦးလွင်ကိုလတ်၊ ဒေါ်ဇင်မာအောင်၊ ဦးထင်လင်းအောင်၊ ဦးအောင်မျိုးမင်း၊ ဒေါ်အိသဉ္ဇာမောင်၊ ဒေါက်တာ ဆာဆာ တို့ ၁၁ ဦးတို့ကိုလည်း နိုင်ငံသားအဖြစ်မှ ရပ်စဲထားကြောင်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။