Trending Now

အမေရိကန်တောင်ပိုင်းတွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျ၊ လူငါးဦး သေဆုံး

Spread the love

အမေရိကန်တောင်ပိုင်းတွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျ၊ လူငါးဦး သေဆုံး

EPN
နိုင်ငံတကာ၊ ဇွန် ၆

အမေရိကန်နိုင်ငံတောင်ပိုင်း၊ ဂျော်ဂျီယာပြည်နယ်တွင် ယမန်နေ့က လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် လူငါးဦး သေဆုံးခဲ့ကြောင်း ဒေသန္တရမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

အတ္တလန္တာမြို့တော်၌ အရှေ့တောင်ဘက် မိုင် ၁၀၀ ခန့် (၁၆၁ ကီလိုမီတာ) အကွာတွင်ဖြစ်ပွားခဲ့သည့် အဆိုပါလေယာဉ်ပျက်ကျမှုတွင် အသက်ရှင်သူမရှိကြောင်း သိရသည်။

Piper PA31-T အမျိုးအစားလေယာဉ်ငယ်သည် ဖလော်ရီဒါပြည်နယ်၊ ဝယ်လစ္စတန်မြို့မှ အင်ဒီယားနား ပြည်နယ်၊ နယူးကက်စ်တဲမြို့သို့ မောင်းနှင်နေချိန်တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဖက်ဒရယ်လေ ကြောင်းပို့ဆောင်ရေး စီမံခန့်ခွဲမှုဌာန (FAA) က ပြောကြားသည်။

အခင်းဖြစ်ရာနေရာ၌ လှည့်ပတ်ပျံသန်းခဲ့ပြီး မီးလောင်ကျွမ်းခဲ့သည့် လေယာဉ်ငယ်ကို မြင်တွေ့ခဲ့ရ ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဉီးက မီဒီယာများက ပြောကြားသည်။ လေယာဉ်အစိတ်အပိုင်းများ ပြုတ်ထွက် သွားခဲ့ပြီး အနီးအနားရှိလယ်ကွင်းအတွင်းသို့ ကျသွားခဲ့သည်။

သစ်တောထူထပ်ရာ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများက မီးတောက်များကို ငြှိမ်းသတ်ခဲ့သည်။ အမေရိကန် ဖက်ဒရယ်လေကြောင်းပို့ဆောင်ရေး စီမံခန့်ခွဲမှုဌာန (FAA) နှင့် အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးအန္တရာယ်ကင်းရေး ဘုတ်အဖွဲ့က လေယာဉ်ပျက်ကျရသော အကြောင်းရင်းကို စုံစမ်းစစ်ဆေးမည်ဖြစ်သည်။

–ကိုးကား–
ဆင်ဟွာ
Ref; Small plane crash in U.S. state of Georgia kills 5


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။