Trending Now

ပူတာအိုမြို့၌ Grade-7 ၊ Grade-10 သင်ရိုးသစ်သင်တန်းသား သင်တန်းသူများ အတွက် Mask နှင့် ဘောပင်များလှူဒါန်း

Spread the love

ပူတာအိုမြို့၌ Grade-7 ၊ Grade-10 သင်ရိုးသစ်သင်တန်းသား သင်တန်းသူများ အတွက် Mask နှင့် ဘောပင်များလှူဒါန်း

EPN
ပူတာအို၊ ဇွန် ၂၈

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်
ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်တို့က Grade-7 နှင့် Grade-10 သင်ရိုးသစ် သင်တန်းသား သင်တန်းသူများအတွက် Maskနှင့် ဘောပင် များလှူဒါန်းပေးအပ်ခြင်းကို ဇွန်(၂၇)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးရွှေ ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦး ယောဆီ ၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိမ်းလေးနှင့် တာဝန်ရှိသူများက Grade-7 သင်ရိုးသစ်သင်တန်းတက်ရောက် နေသည့် ဆရာ ဆရာမများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး Maskနှင့်ဘောပင် များကို ဖြန့်ဝေလှူဒါန်း ခဲ့သည်။

လှူဒါန်းပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီက Grade-10 သင်ရိုးသစ် သင်တန်းသား သင်တန်းသူများအတွက် Mask အခု(၂၀၀)၊ ဘောပင် အချောင်း (၁၅၀)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးရွှေ က Grade-7 သင်ရိုးသစ်သင်တန်းသားသင်တန်းသူများအတွက် Mask အခု(၅၀၀)၊ ဘောပင် အချောင်း (၃၉၀)၊ Covid-19 ရောဂါကာကွယ်ရေး အသိပညာပေး ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်က လက်ခံရယူသည်။

အဆိုပါ Grade-7သင်ရိုးသစ်သင်တန်းတွင် ပူတာအိုမြို့နယ်မှ(၂၀၉)ဦး၊ နောင်မွန်မြို့နယ်မှ (၁)ဦး၊ ခေါင်လန်ဖူးမြို့နယ်မှ (၇)ဦးတို့ကို Covid-19 ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့် အညီ အခန်း(၁၂)ခန်း တွင် သင်ကြားပို့ချ ပေးလျှက်ရှိပြီး Grade-10 သင်ရိုးသစ်သင်တန်း တက်ရောက်ရန် စာရင်းရှိ(၁၀၄)ဦး တို့ကိုလည်း ညွန်ကြားချက်နှင့်အညီ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။