Trending Now

YBS ခရီးသည်တင်ယာဉ်ပေါ်တွင် အုပ်စုဖွဲ့ ရိုက်နှက်လုယက်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိ

Spread the love

YBS ခရီးသည်တင်ယာဉ်ပေါ်တွင် အုပ်စုဖွဲ့ ရိုက်နှက်လုယက်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်အတွင်း၌ YBS ခရီးသည်တင်ယာဉ်ပေါ်တွင် အုပ်စုဖွဲ့ ရိုက်နှက်လုယက်မှုကျူးလွန်ခဲ့သူ အမျိုးသား ၈ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိခဲ့သည့် အမျိုးသား ၈ ဦးသည် နိုဝင်ဘာ ၈ ရက် ညနေ ၄နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သမိုင်းဈေး ဘူတာရုံလမ်းနှင့် သမိုင်း (၇) လမ်းထိပ်တွင် YBS ယာဉ်လိုင်း အမှတ်(၆၁) ပေါ်တွင် လိုက်ပါစီးနင်းလာသည့် ခရီးသည်အမျိုးသမီးတစ်ဦးနှင့် အခြားခရီးသည်များထံမှ လက်ကိုင်ဖုန်းများ နှင့် ငွေစက္ကူ (၅၀၀၀၀ဝိ/-) ကျပ်၊ ATM ကတ် သုံးခု၊ မှတ်ပုံတင် တစ်ခု ကို အုပ်စုဖွဲ့၍ ရိုက်နှက်လုယက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းနောက် နိုဝင်ဘာ ၉ ရက် နံနက် ၇ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စုံစမ်းစစ်ဆေးမှုသတင်းများအရ လှိုင်သာယာမြို့နယ် အောင်ဇေယျ တံတားထိပ်နှင့် အင်းစိန်မြို့နယ် ပေါက်တောဝ မီးပွိုင့်အနီး၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင် တံတားထိပ်၊ လှိုင်သာယာမြို့နယ် တို့အတွင်း အဖွဲ့ငယ်များဖွဲ့ကာ စောင့်ဆိုင်းနေစဉ် ကျိုက်ဝိုင်း ဘုရားလမ်းအတိုင်း ယာဉ်မောင်း အောင်မျိုးသန့်(ခ)ရှီးဗားကမား မောင်းနှင်လာသည့် TNI/GG-5704 Probox အဖြူရောင်ယာဉ် အား သတင်းအရ ပိတ်ဆို့ဖမ်းဆီး စစ်ဆေးခဲ့ရာ မှ ပြစ်မှုကြူးလွန်သူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းနောက် ထပ်မံစစ်ဆေးချက်များအရ မင်းသိန်းနိုင် (ခ)ကတုံး (၂၃)နှစ်၊ အောင်မျိုးသန်း (ခ) ရှီဗားကမား (၃၇)နှစ် ၊ ပြည့်ဖြိုး မောင် (ခ) ဖြိုးမောင် (၂၀) နှစ်၊ ထွန်းထွန်းဦး(ခ)ဖိုးသင်္ကြန်(၁၉)နှစ် ၊ လှိုင်ဖြိုးမောင်(၁၉)နှစ်၊ အောင်ကျော်ဆန်း (ခ)ဆီတုံး(၂၉)နှစ် ၊ မျိုးမင်းအောင် (ခ) မျိုးမြတ် (၂၂) နှစ် (ဘ) နှင့် ဝင်းထူး (ခ) တို့ ရှစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။

ပြစ်မှုကျူးလွန်ခဲ့ကြသည့် မင်းသိန်းနိုင် (ခ)ကတုံးပါ ရှစ်ဦးတို့အား တာဝန်ရှိသူများက ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးလွတ်မြောက်နေသူများကိုလည်း အမြန်ဆုံးဖမ်းဆီးရမိနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြပါရှိသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။