Trending Now

ဝါးခုတ်ရန်သွားသည့် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိရာ ခြေထောက်တစ်ဖက်ပြတ်ပြီး၊ တစ်ဖက်ဒဏ်ရာပြင်း ထန်ရရှိ

Spread the love

ဝါးခုတ်ရန်သွားသည့် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိရာ ခြေထောက်တစ်ဖက်ပြတ်ပြီး၊ တစ်ဖက်ဒဏ်ရာပြင်း ထန်ရရှိ

EPN
နေပြည်တော်၊ မတ် ၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရခိုင်ပြည်နယ်၊ မေယုတောင်တန်းတွင် အမျိုးသားတစ်ဦး ဝါးခုတ်သွားစဉ် မြေမြှုပ်မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက်တစ်ဖက်ပြတ်ပြီး ညာဘက်ခြေထောက်လည်း ဒဏ်ရာပြင်းထန်ရ ရှိခဲ့ကြောင်း သိရပါတယ်။

မကြာသေးမီရက်ပိုင်းက အသက် (၃၈)နှစ်အရွယ် ဦးအောင်စံဌေးမှာ စိုက်ခင်းအတွက် လိုအပ်သည့်ဝါးကို မေယု တောင်တန်းသို သွားခုတ်စဉ်မြေမြှုပ်မိုင်းနင်းမိခဲ့ကြောင်း သိရပါတယ်။

ထိုမြေမြှုပ်မိုင်းနင်းမိမှုကြောင့် ဘယ်ဘက်ခြေထောက်တစ်ဖက်မှာ ပြတ်ထွက်သွားပြီး၊ ညာဘက်ခြေထောက် တစ်ဖက်လည်း အပြင်းအထန်ရရှိခဲ့ကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်ရှိ ပြည်သူများမှာ တောတောင်ထဲတွင် ပေါက်သည့်သစ်ပင်၊ သစ်ဥများ ရှာဖွေစားသောက်သည့် ပြည်သူများမှာ မကြာခဏမြေမြှုပ်မိုင်းများနင်းမိသည့် ဖြစ်စဉ်များလည်း မကြာခဏဖြစ်ပေါ်လျက်ရှိပါတယ်။

Photo – Credit

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။