Trending Now

ကိုဂျင်မီနှင့် ဖြိုးဇေယျာသော်တိုအား သေဒဏ်စီရင်မှုအပေါ် သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိမည်ဟု KIA မှ ဗိုလ်ချုပ်ဂွမ်မော်ဆို

Spread the love

ကိုဂျင်မီနှင့် ဖြိုးဇေယျာသော်တိုအား သေဒဏ်စီရင်မှုအပေါ် သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိမည်ဟု KIA မှ ဗိုလ်ချုပ်ဂွမ်မော်ဆို

EPN
နေပြည်တော်၊ ဇူလိုင် ၂၅

အပြစ်မဲ့ ပြည်သူအများအပြား သေဆုံးခဲ့ရမှုအတွက် ကိုဂျင်မီနှင့် ဖြိုးဇေယျာသော်တိုအား သေဒဏ်စီရင်မှုအပေါ် သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိမည်ဖြစ်ကြောင်း KIA မှ ဗိုလ်ချုပ်ဂွမ်မော်က သူ၏ လူမှုကွန် ရက်တွင် ယနေ့ ရေးသားထားသည်။

“တကယ်မှန်ခဲ့မယ်ဆိုရင်တော့ မိုက်မဲခြင်းလိုဘဲ ပြောရတော့မှာပါ။ ရှာကြံပြီး ခွင့်လွှတ်ပေးချင်သူတွေတောင် နောက်ဆုတ်သွားကြတော့မှာပါ” ဟု ဗိုလ်ချုပ်ဂွမ်မော်က လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ကိုဂျင်မီ၊ ဖြိုးဇေယျာသော်၊ လှမျိုးအောင်နှင့် အောင်သူရဇော်တိုသည် ရက်စက်ပြီး လူမဆန်သည့် အကြမ်း ဖက်လုပ်ရပ်များဖြစ်သော သတ်ဖြတ်မှုများကို ကျူးလွန်ရာတွင် စီစဉ်ညွှန်ကြားခြင်း၊ စီမံဆောင်ရွက်ခြင်း၊ ပူး ပေါင်းကြံစည်ခြင်း၊ ကိုယ်တိုင်ပါဝင် ကျူးလွန်ခြင်းတိုကြောင့် စစ်ခုံရုံးမှ တရားခံလေးဦးအား သေဒဏ်ချမှတ်ရာ အဆိုပါ တရားခံများအပေါ် အကျဉ်းထောင် လုပ်ထုံးလုပ်နည်းများအတိုင်း ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးဖြစ် ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ထားသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။