Trending Now

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ချီဖွေမြို့နယ်တွင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပမည်

Spread the love

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ချီဖွေမြို့နယ်တွင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပမည်

EPN
ချီဖွေ၊ ဇန်နဝါရီ ၁၈ (၂၀၂၄)

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ် အားကစားကွင်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ချီဖွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ချီဖွေမြို့နယ်လစီမံအုပ်ချုပ်အဖွဲ့ထံမှ သိရသည်။

ချီဖွေမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်စုများမှ ကိုယ်စားပြုအသင်းများ၊ ဌာနဆိုင်ရာများမှ ကိုယ်စားပြုအသင်းများ စုပေါင်း၍ လာမည့် ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင်ကျရောက်မည့် ( ၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကျင်းပပေးရခြင်း ဖြစ်ကြောင်း ချီဖွေမြို့နယ် စီမံအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” ချီဖွေမြို့နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာအုပ်စုတွေက ဒေသခံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ကို ဇန်နဝါရီလ ၂၅ ရက်နေ့ကနေ ၂ လပိုင်း ၁၂ ရက်နေ့အထိ အမျိုးသားဘောလုံးအသင်း (၈) သင်း ပတ်လည် ယှဉ်ပြိုင်သွားမှာဖြစ်တယ် ” ဟု ၎င်းကရှင်းပြသည်။

၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ပန်ဝါ၊ ချန်းမောခုန်း၊ ချီဖွေမြို့ပေါ် ရှိ ရပ်ကွက်၊ ကျေးရွာ အုပ်စုများမှ အမျိုးသားအလွတ်တန်း မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဌ ဖလား ဘောလုံးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချီဖွေမြို့နယ် အားကစားကွင်းတွင် ကျင်းပမည့် အမျိုးသားအလွတ်တန်းပြိုင်ပွဲအား လာရောက်ယှဉ်ပြိုင်သူများအနေဖြင့် ဇန်နဝါရီလ ၂၃ ရက်နေ့နောက်ဆုံးထား၍ အဖွဲ့ခေါင်းဆောင် (၁)ဦး၊ အုပ်ချုပ်သူ(၁)ဦး၊
နည်းပြ (၁)ဦး၊ ကစားသမား(၁၈)ဦး
စုစုပေါင်း (၂၁)ဦးဖြင့် မြို့နယ်အားကာရုံးတွင် အမည်စာရင်းပေးသွင်းပြီး ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

ယင်း ဘောလုံးပြိုင်ပွဲတွင် ဆုကြေးများအနေဖြင့် ပထမဆု (၁၀)သိန်းကျပ်၊ ဒုတိယဆု (၇)သိန်းကျပ်၊ တတိယဆု (၅)သိန်းကျပ်တို့ကို ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။