Trending Now

တို့ဆေးသုံးပြီး ငွေလိမ်သည့် လူလိမ်အဖွဲ့ ရှမ်းပြည်တွင်ဖမ်းမိ

Spread the love

တို့ဆေးသုံးပြီး ငွေလိမ်သည့် လူလိမ်အဖွဲ့ ရှမ်းပြည်တွင်ဖမ်းမိ

EPN
မြစ်ကြီးနား၊ ဇွန် ၂၇

တို့ဆေးအသုံးပြုပြီး ငွေလိမ်နေသည့် လူလိမ်အဖွဲ့တစ်ခုအား ရှမ်းပြည်နယ် တန်ယန်းမြို့တွင် ဇွန်လ ၂၄ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသတွင်း သတင်းဌာနများက ဖော်ပြထားသည်။

ဖမ်းမိခဲ့သည့် လူလိမ်အဖွဲ့တွင် အမျိုးသားနှင့် အမျိုးသမီးစုစုပေါင်း ၁၇ ဦးပါဝင်ပြီး ဒေသခံလူထုနှင့် သက်ဆိုင်ရာ အာဏာပိုင်များက တန့်ယန်းမြို့အထွက် လမ်းမပေါ်တွင် ဝိုင်းဝန်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လူလိမ်အဖွဲ့သည် ဖုန်းအဟောင်းများ ၊ ငွေစက္ကူ အဟောင်းများ ဝယ်ယူသည့် ပုံဖြင့်သော်လည်းကောင်း၊ ထီလက်မှတ်ရောင်းချသူများ ဟန်ဆောင်၍သော်လည်းကောင်း ဒေသခံများကို လိမ်လည်မှု ကျူးလွန်ကြခြင်းဖြစ်ကြောင်း သိရသည်။

” ရဲစခန်းကတော့ လူတွေကိုခေါ်ပြီး ကိုယ့်ပစ္စည်းပါရင် လာယူခိုင်းနေပါတယ် ကိုယ့်ပစ္စည်းကို ယူချင်ရင်တော့ ရဲစခန်းမှာ သွားယူလို့ ရပါပြီ” လို့ ဒေသခံတစ်ဦးကပြောဆိုထားသည်။

အဆိုပါ လူလိမ်အဖွဲ့မှ အမျိုးသားနှင့် အမျိုးသမီး ၁၇ ဦးအနက် အများစုသည် ရန်ကုန် မှော်ဘီဘက်က အများဆုံးဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးရမိသူများကို တန့်ယန်းမြိုမရဲစခန်းသို့ အပ်နှံကာ ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။