Trending Now

အထောင်မြို့ EPC ရုံးဗုံးပေါက်ကွဲပြီးနောက် ဒေသခံအရပ်သား ၁၀ ဦးကို ဖမ်းဆီးစစ်ဆေးနေ

Spread the love

အထောင်မြို့ EPC ရုံးဗုံးပေါက်ကွဲပြီးနောက် ဒေသခံအရပ်သား ၁၀ ဦးကို ဖမ်းဆီးစစ်ဆေးနေ

EPN
ကျုံပျော်၊ ဖေဖော်ဝါရီ ၁၇

ဧရာ၀တီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့ EPC ရုံးတွင် ဖေဖော်ဝါရီ ၁၁ ရက်ညပိုင်းက ဗုံးပေါက်ကွဲပြီးနောက် ဒေသခံအရပ်သား ၁၀ ဦးကို သက်ဆိုင်ရာကဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ အဖမ်းခံရသည့် ဒေသခံအရပ်သား ၁၀ ဦးသည် အမျိုးသားလူငယ်များဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“EPC ရုံဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးတာနဲ့ ဆက်တိုက် အဖမ်း ခံနေရပါ။ ၁၁ ယောက်အထိရှိနေပါပြီ လူငယ်အမျိုးသား
တွေကိုဖမ်းထားတာပါ။ လူငယ်တွေက နိုင်ငံရေးလည်း မလုပ်တဲ့သူတွေပါ။ စစ်ဆေးနေတယ်လို့တော့ ပြောတာဘဲ။”ဟု အထောင်မြို့က ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲကို ကျုံပျော်မြို့ပြပြောက်ကျားဆိုသည့် အဖွဲ့က ပြုလုပ်ခဲ့ကြောင်း ၎င်းအဖွဲ့က သတင်းထုတ်ပြန်ခဲ့ထားသော်လည်း သက်ဆိုင်ရာက ဒေသခံများကိုစစ်ဆေးရန်ဟု ဆို၍ ဖမ်းဆီးထားခြင်း ဖြစ်သည်။

အဆိုပါဒေသခံ လူငယ်များကို ဗုံးပေါက်ကွဲမှုမှာ သံသယရှိ၍ လုံခြုံရေးအရ ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ပြီး ဥပဒေနှင့်အညီသာ ဆောင်ရွက်နေကြောင်း ကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။