Trending Now

ကလေးများအတွက် အရှေ့တောင်အာရှဗီဒီယိုပွဲတော် တည်ထောင်သူ ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

Spread the love

ကလေးများအတွက် အရှေ့တောင်အာရှဗီဒီယိုပွဲတော် တည်ထောင်သူ ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ၂၇ (၂၀၂၄)

ကလေးများအတွက် အရှေ့တောင်အာရှဗီဒီယိုပွဲတော်ကို တည်ထောင်သူ ဥက္ကဋ္ဌ Ms. ELVIRA YAP Go နှင့် အဖွဲ့အား ဖေဖော်ဝါရီ ၂၆ ရက်နေ့က နေပြည်တော်တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် လက်ခံတွေ့ဆုံကာ စတုတ္ထအကြိမ် SEAVFC ကျင်းပရေး အပါအဝင် လူငယ်ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

SEAVFC ပွဲတော်၏ ပထမနှင့် ဒုတိယအကြိမ်များကို ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် ဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပ၍ တတိယအကြိမ်ပွဲတော်ကို ၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းတွင် ကိုဗစ်-၁၉ ကြောင့် ပွဲတော်ကျင်းပမှု ရပ်ဆိုင်းခဲ့သည်။

စတုတ္ထအကြိမ်ပွဲတော်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း မလေးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံနှင့်လည်း ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ ကလေးများအတွက် အရှေ့တောင်အာရှပွဲတော် (SEAVFC) ကို၂၀၁၇ ခုနှစ်က ပညာရှင်အဆင့် ပြိုင်ပွဲတွင် ဒါရိုက်တာ ကျော်နှင်းဆီ၏ May The Fragrance of Thanakha Last (သနပ်ခါးရနံ့လေး အစဉ်မွှေးစေလို) ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဗီဒီယိုဇာတ်လမ်းဖြင့် လည်းကောင်း၊ ၂၀၁၈ ခုနှစ်က အသက် ၉ နှစ်မှ ၁၂ နှစ် ဝါသနာရှင်အဆင့်တွင် မစုလင်းလဲ့က Everyday Heores ဗီဒီယိုဇာတ်လမ်းတိုနှင့် အသက် ၁၃ နှစ်မှ ၁၆ နှစ် ဝါသနာရှင်အဆင့်တွင် မစုလတ်ရွှေရည်ဇော်က Smile ဗီဒီယို ဇာတ်လမ်းတိုတို့ဖြင့်လည်းကောင်း၊ ၂၀၁၉ ခုနှစ်က အသက် ၉ နှစ်မှ ၁၂ နှစ် ဝါသနာရှင် အဆင့်ပြိုင်ပွဲတွင် မောင်အာကာမင်းခန့်ကလည်းကောင်း ဆုများရရှိခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိလစ်ပိုင်နိုင်ငံ အငြိမ်းစားသံအမတ်ကြီး Ambassador Minda C. Curz နှင့် ဖိလစ်ပိုင်နိုင်ငံ Anak TV ရုပ်သံဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကသစ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။