Trending Now

အတိုက်အခံခေါင်းဆောင် ရာဟူးဂန္ဒီ ဖြုတ်ချခံရပြီးနောက် အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ ဆန္ဒပြမှုတွေဖြစ်ပွား

Spread the love

အတိုက်အခံခေါင်းဆောင် ရာဟူးဂန္ဒီ ဖြုတ်ချခံရပြီးနောက် အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ ဆန္ဒပြမှုတွေဖြစ်ပွား

EPN
နိုင်ငံတကာ၊ မတ် ၂၈

ဂန္ဒီ ဖြုတ်ချခံရပြီးနောက် အနက်ရောင် ဝတ်ဆင်ထားတဲ့ အတိုက်အခံ ပါတီဝင်တွေက အိန္ဒိယ ပါလီမန်ကို အနှောင့်အယှက် ဖြစ်စေခဲ့ပြီး နိုင်ငံတစ်ဝန်းမှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။

အဓိက အတိုက်ခံပါတီ ခေါင်းဆောင် ရာဟူးဂန္ဒီ ဦးဆောင်တဲ့ ကွန်ဂရက်ပါတီကို ထောက်ခံသူ ရာပေါင်းများစွာက မတ်လ ၂၇ ရက်နေ့က နယူးဒေလီမြို့လယ်မှာ ဆန္ဒပြခဲ့ကြပြီး ဒါဇင်ပေါင်းများစွာကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

အလားတူ အတိုက်အခံပါတီ ၁၈ ခုက လွတ်တော် အမတ်တွေကလည်း ဒီမိုကရေစီအန္တရာယ်ကို အသိပေးတဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အနက်ရောင်အဝတ်အစားတွေကို ဝတ်ဆင်ကာ ပါလီမန်အပြင်ဘက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဂန္ဒီက ၂၀၁၉ ခုနှစ်က ကျင်းပခဲ့တဲ့ မဲဆွယ်စည်းရုံးပွဲမှာ ဝန်ကြီးချုပ်မိုဒီကို ဝေဖန်တိုက်ခိုက်ခဲ့တာကြောင့် တရားရုံးက အသေရေဖျက်မှုနဲ့ တရားစွဲဆိုကာ ဂန္ဒီကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပြီးနောက် လွှတ်တော်က အရည်အချင်းပျက်ယွင်းသူ အဖြစ် သတ်မှတ်ကာ နှင်ထုတ်ခံလိုက်ရတာဖြစ်ပါတယ်။

ဒီမိုကရေစီ နဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို စော်ကားမှုအဖြစ် ဝန်ကြီးချုပ်မိုဒီကို အတိုက်အခံတွေက ရှုတ်ချခဲ့ကြပြီး လာမယ့်နှစ် ရွေးကောက်ပွဲမတိုင်မီ အတိုက်အခံပါတီခေါင်းဆောင် ဂန္ဒီကို ပါလီမန်က ဖယ်ရှားခံလိုက်ရတာဖြစ်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ မွေးရပ်မြေဖြစ်တဲ့ ဂူဂျာရတ်ပြည်နယ်ရှိ ဆူရတ်မြို့က တရားရုံးတခုမှာ ဂန္ဒီအပေါ် စီရင်ချက်ချမှတ်ခဲ့ပေမယ့် ပြစ်ဒဏ်ကို တစ်လ ဆိုင်းငံထားတဲ့အတွက် ဂန္ဒီက အထက်တရားရုံးမှာ အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။

ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။