Trending Now

ဖားကန့်မြို့ရှိ မြို့မလက်ဘက်ရည်ဆိုင် ပိုင်ရှင် ပြန်ပေးဆွဲခံရပြီး တောင်းသည့်ငွေပမာန ပေးသော်လည်း ပြန်လည်လွတ်မြောက်ခြင်း မရှိသေး

Spread the love

ဖားကန့်မြို့ရှိ မြို့မလက်ဘက်ရည်ဆိုင် ပိုင်ရှင် ပြန်ပေးဆွဲခံရပြီး တောင်းသည့်ငွေပမာန ပေးသော်လည်း ပြန်လည်လွတ်မြောက်ခြင်း မရှိသေး

EPN
ဖားကန့်၊ ဇွန် ၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မြို့မရပ်ကွက် မြို့မလက်ဘက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင်အား အမည်မသိအဖွဲ့မှ ၁၃ ရက်နေ့ ညနပိုင်းအချိန်က ပြန်ပေးဆွဲသွားကြောင်း ၎င်း၏သားဖြစ်သူထံမှ သိရသည်။

ဇွန်လ ၁၃ရက်နေ့ ညနေ ၄နာရီအချိန်တွင် မြို့မလက်ဘက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင်သည် ဆိုင်ကယ်ဖြင့် အပြင်သွားရာတွင် အမည်မသိ အဖွဲ့က ပြန်ပေးဆွဲပြီး ရွှေတစ်ဆယ်သားနှင့် ငွေသား ကျပ်သိန်း (၃၀၀) ဖြင့် လာရောက်ရွေးပါဟု ဆိုသည့်အတွက် သွားရောက်ပေးဆောင်ခဲ့ကြောင်း ဦးသိန်းလွင်၏ သားဖြစ်သူမှ EPN သတင်းဌာနသို့ ပြောသည်။

” ဇွန် ၁၃ရက်နေ့က အဖေအပြင်ကို ဆိုင်ကယ်နဲ့ သွားတဲ့အချိန် ပြန်ပေးဆွဲခံရတာပါ။ ည၇နာရီ အချိန်လောက်္မှာ သူတို့ဖုန်းဆက်လို့ ဆိုင်းတောင်ဘက်္မှာ ရွှေတစ်ဆယ်သားနဲ့ ငွေသား သိန်း (၃၀၀) သွားပေးတယ်။ သူတို့ ထားခဲ့ဆိုတဲ့ နေရာမှာ ရွှေနဲ့ငွေ ချ‌ထားခဲ့တယ်။ အဖေ့ကိုယ် တစ်ခါတည် ခေါ်သွားမယ်ပြောတော့ သူတို့လာပို့ပေးမယ်ဆိုပြီး ယနေ့ အချိန်ထိ ပြန်မရောက်သေးဘူး ” ဟု ၎င်းက ရှင်းပြသည်။

ဦးသိန်းလွင်သည် အခြားသော သတင်းမီဒီယာများမှ ဖော်ပြသလို မဟုတ်ပဲ ၎င်းသည် ပြည်ခိုင်ဖြိုးပါတီမှ ၂၀၁၅ခုနှစ် ကစ၍ အဖွဲ့ဝင်အဖြစ်မှ ရပ်နားထားသူ ဖြစ်ကြောင်း ၎င်း၏သားဖြစ်သူက ထည့်သွင်းပြောသည်။

” ကျွန်တော့် အဖေက ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးဘက်က မဟုတ်ဘူး။ ပညာရေးကော်မတီ တစ်ဦးသာ ဖြစ်တယ်။ ထွက်တာလည်း ကြာပြီ။ ၂၀၁၅ ထဲက။ ဒါကို အချို့မီဒီယာတွေက တမျိုးရေးနေကြတယ် ” ဟု သားဖြစ်သူကပြောသည်။

ဦးသိန်းလွင်အား ပြန်ပေးဆွဲသူများသည် ရွှေတစ်ဆယ်သားနှင့် ငွေသိန်း (၃၀၀) ကျပ် ယူဆောင်ပြီး ဦးသိန်းလွင်အား ပြန်လည် လွတ်ပေးခြင်းမရှိသကဲ့သို့ ဖုန်းအဆက်အသွယ်လည်း မရရှိတော့သောကြောင့် မိသားစုဝင်များမှ ဥပဒေ လမ်းကြောင်းအရ အမှုဖွင့် တိုင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့တွင် ပြန်ပေးဆွဲကာ ငွေကြေး တောင်းသည့် ဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိပြီး ခိုးဆိုးလုယက်မှုများလည်း မကြာခဏဖြစ်ပေါ်နေကာ ဇွန်လ ၄ ရက်နေ့ကလည်း လုံးခင်းကျေးရွာ ရဲစခန်းအနီးရှိ နေအိမ်တစ်လုံးတွင် လုယက်မှုဖြစ်ပွားခဲ့ရာ အိမ်ရှင်အမျိုးသားကို မျက်စိကိုတိပ်ဖြင့်စည်း၍ လက်ပြန်ကြိုးချည်ထားခဲ့ပြီး ကားတစ်စီးနှင့် ငွေကျပ်သိန်း ၄၀ ခန့်ကို ယူသွားခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

ယင်းအပြင် မေလ၂၈ ရက်နေ့နှင့် ၃၀ ရက်နေ့ တို့ကလည်း ဖားကန့်မြို့ဆိပ်မူကျေးရွာအုပ်စုရှိ သံယောဇဥ်နန်းတော် တည်းခိုးခန်းတွင် လုယက်မှုဖြစ်ပွားခဲ့ပြီး ပိုင်ရှင်အမျိုးသမီး သတ်ဖြတ်ခံခဲ့ရခြင်းနှင့် ဆိပ်မူကျေးရွာ ရှမ်းကုန်းရပ်ကွက်တွင် ကျောက်လောပန်းအား ဓားပြတိုက်ကာ ရွှေနှင့် ကျောက်စိမ်းများ ယူဆောင်သွားကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။