Trending Now

ကာလတို နည္းပညာကြ်မ္းက်င္မႈ သင္တန္းသို ့တက္ေရာက္ရန္ သင္တန္သားသင္တန္းသူအသစ္မ်ား ေခၚယူ

Spread the love

ကာလတို နည္းပညာကြ်မ္းက်င္မႈ သင္တန္းသို ့တက္ေရာက္ရန္ သင္တန္သားသင္တန္းသူအသစ္မ်ား ေခၚယူ
EPN
ဗန္းေမာ္၊ ေဖေဖၚဝါရီလ ၂၂

ကခ်င္ျပည္နယ္ ဗန္းေမာ္ အစုိးရနည္းပညာအထက္တန္းေက်ာင္းမွ ကာလတို နည္းပညာကြ်မ္းက်င္မႈ သင္တန္းအမွတ္ စဥ္(၂/၂၀၁၉ ) သို ့တက္ေရာက္လိုသည့္သင္တန္းသားသင္တန္းသူအသစ္ မ်ား
ေခၚယူလ်ွက္ရွိေၾကာင္း အစုိးရနည္းပညာအ ထက္တန္းေက်ာင္း( ဗန္းေမာ္ ) သင္တန္းေရးရာ ဌာန ထံမွ သိရသည္။
ဖြင့္လွစ္မည့္ သင္တန္းမ်ားတြင္ Computer Base ၁၀ ဦး၊ Transformar& Electronic ၁၀ ဦး၊ Circuit ဘက္ထရီ အားသြင္းစက္ႏွင့္အင္ဘာ တာစက္ျပဳလုပ္နည္း သင္တန္း ၁၀ဦး၊ Maintenance and Repair of Single Cylendar Petrol Engine တစ္လုံးထိုးဓါတ္ဆီအင္ဂ်င္ျပဳျပင္ ထိန္းသိမ္း ေရးႏွင့္ေမာင္းႏွင္ ေရးသင္တန္းႏွင့္ အေျခခံပန္းရံ သင္တန္း ၁၀ဦး သင္ၾကားပို႔ခ်ေပးမည္ျဖစ္ၿပီး ေလ်ွာက္ထားသူသည္အေျခခံပညာ အလယ္တန္း စာေမးပဲြ ေအာင္ျမင္သူ့ျဖစ္ရမည္ဟု သိရသည္။
အဆုိပါ သင္တန္းဝင္ခြင့္ ေလ်ွာက္လႊာမ်ားကို ေဖေဖၚဝါရီလ ၁၈ ရက္ေန ့မွ ေဖေဖဝါရီလ ၂၈ ရက္ ေန႔အတြင္း အစုိးရနည္းပညာအထက္တန္းေက်ာင္း ( ဗန္းေမာ္ ) သင္တန္းေရးရာဌာန သို႔ လူကိုယ္တိုင္ လာေရာက္ေလ်ွာက္ထားရမည္ျဖစ္ေၾကာင္း၊ သင္တန္း တက္ေရာက္ခြင့္ရရွိသူစာရင္းကို မတ္လ ၁၅ ရက္ ေန႔တြင္ ထုတ္ျပန္ေၾကညာမည္ျဖစ္ေၾကာင္းသိရ သည္။
သင္တန္းကုိ အစုိးရ နည္းပညာအထက္တန္း ေက်ာင္း ( ဗန္းေမာ္ ) PolyTechnic Center တြင္ ဖြင့္လွစ္သြားမည္ျဖစ္ရာ သင္တန္းကာလမွာ မတ္ လ ၁၈ ရက္ေန ့မွ ဧျပီ လ၂ ရက္ေန႔ အထိ နံနက္ ၈ နာရီမွ ညေန ၄ နာရီ အထိ ျဖစ္သည္။
ဗန္းေမာ္ သုခမိန္
————————————–
ကာလတို နည်းပညာကျွမ်းကျင်မှု သင်တန်းသို့တက်ရောက်ရန် သင်တန်သားသင်တန်းသူအသစ်များ ခေါ်ယူ
EPN
ဗန်းမော်၊ ဖေဖေါ်ဝါရီလ ၂၂
ကချင်ပြည်နယ် ဗန်းမော် အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကာလတို နည်းပညာကျွမ်းကျင်မှု သင်တန်းအမှတ် စဉ်(၂/၂၀၁၉ ) သို့တက်ရောက်လိုသည့်သင်တန်းသားသင်တန်းသူအသစ် များ ခေါ်ယူလျှက်ရှိကြောင်း အစိုးရနည်းပညာအ ထက်တန်းကျောင်း( ဗန်းမော် ) သင်တန်းရေးရာ ဌာန ထံမှ သိရသည်။
ဖွင့်လှစ်မည့် သင်တန်းများတွင် Computer Base ၁၀ ဦး၊ Transformar& Electronic ၁၀ ဦး၊ Circuit ဘက်ထရီ အားသွင်းစက်နှင့်အင်ဘာ တာစက်ပြုလုပ်နည်း သင်တန်း ၁၀ဦး၊ Maintenance and Repair of Single Cylendar Petrol Engine တစ်လုံးထိုးဓါတ်ဆီအင်ဂျင်ပြုပြင် ထိန်းသိမ်း ရေးနှင့်မောင်းနှင် ရေးသင်တန်းနှင့် အခြေခံပန်းရံ သင်တန်း ၁၀ဦး သင်ကြားပို့ချပေးမည်ဖြစ်ပြီး လျှောက်ထားသူသည်အခြေခံပညာ အလယ်တန်း စာမေးပွဲ အောင်မြင်သူ့ဖြစ်ရမည်ဟု သိရသည်။
အဆိုပါ သင်တန်းဝင်ခွင့် လျှောက်လွှာများကို ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှ ဖေဖေဝါရီလ ၂၈ ရက် နေ့အတွင်း အစိုးရနည်းပညာအထက်တန်းကျောင်း ( ဗန်းမော် ) သင်တန်းရေးရာဌာန သို့ လူကိုယ်တိုင် လာရောက်လျှောက်ထားရမည်ဖြစ်ကြောင်း၊ သင်တန်း တက်ရောက်ခွင့်ရရှိသူစာရင်းကို မတ်လ ၁၅ ရက် နေ့တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်းသိရ သည်။
သင်တန်းကို အစိုးရ နည်းပညာအထက်တန်း ကျောင်း ( ဗန်းမော် ) PolyTechnic Center တွင် ဖွင့်လှစ်သွားမည်ဖြစ်ရာ သင်တန်းကာလမှာ မတ် လ ၁၈ ရက်နေ့မှ ဧပြီ လ၂ ရက်နေ့ အထိ နံနက် ၈ နာရီမှ ညနေ ၄ နာရီ အထိ ဖြစ်သည်။
ဗန်းမော် သုခမိန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။