Trending Now

အမျိုးသားတစ်ဦးထံမှ ငွေကျပ် သိန်းသုံးထောင်ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love

အမျိုးသားတစ်ဦးထံမှ ငွေကျပ် သိန်းသုံးထောင်ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၂ (၂၀၂၄)

ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက်ကျေးရွာ ပင်လိန် – ပွဲကောက်သွားလမ်းတွင်အမျိုးသားတစ်ဦးထံမှ ငွေကျပ် သိန်းသုံးထောင် ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဇန်နဝါရီလ ၁၀ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ပိတ်ချင်းမြောင်နယ်မြေရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက်ကျေးရွာ၊ ပင်လိန် – ပွဲကောက်သွားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် လော်တား မောင်းနှင်လာသည့် TOYOTA LANDCRUISER PRADO အမျိုးအစား မော်တော်ယာဉ်အား မူးယစ်သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၃၁၅၀)၊ မြန်မာငွေကျပ် ၁.၆ သိန်းနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်ပြီး လော်တား (၂၇) နှစ်အား ပိတ်ချင်းမြောင်နယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။