Trending Now

ဖားကန့်မြိုနယ်တွင် အမျိုးသားတစ်ဦး မိုးကြိုးထိမှန်ပြီး သေဆုံး

Spread the love

ဖားကန့်မြိုနယ်တွင် အမျိုးသားတစ်ဦး မိုးကြိုးထိမှန်ပြီး သေဆုံး

EPN
မြစ်ကြီးနား၊ မေ ၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်၊ လုံးခင်းအုပ်စု ကျောက်စိမ်းတူးဖေါ်မှုလုပ်ကွက်တစ်နေရာတွင် ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်က အမျိုးသား (၁) ဦး မိုးကြိုးထိမှန်ပြီး သေဆုံးခဲ့ကြောင်း ဒေသခံများမှ သိရသည်။

ဖားကန့်မြိုနယ်၊ လုံးခင်းအုပ်စု ကျောက်စိမ်းတူးဖေါ်မှုလုပ်ကွက်တစ်နေရာရှိ ကင်းစောင့်အလုပ်သမား ဦးစိုင်း မောင်မြင့် (၄၀) နှစ်ဝန်းကျင်သည် ယနေ့ နံနက်ပိုင်းက မိုးရွာသွန်းချိန် လုပ်ငန်းခွင်အတွင်းရှိနေစဉ် မိုးကြိုး ထိမှန်ကာ နေရာ၌ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းယာဉ်များဖြင့် ဖားကန့်ပြည့်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။