Trending Now

၁၂ အရွယ် မိန်းကလေးငယ်အား အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သည့် တစ်ရပ်ကွက်တည်းနေသူအား အရေးယူထား

Spread the love

၁၂ အရွယ် မိန်းကလေးငယ်အား အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သည့် တစ်ရပ်ကွက်တည်းနေသူအား အရေးယူထား

EPN
မိုးညှင်း၊ မတ်လ ၂၁

မိုးညှင်းမြို့၊ နားခါးဒေသစိတ်၊ ရန်ကင်းရပ်ကွက်တွင် ယမန်နေ့က ၁၂ အရွယ် မိန်းကလေးငယ် တစ်ဦးအား တစ်ရပ်ကွက်တည်းနေသူမှ အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး ၄င်းအား ဥပဒေအရ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၂၀ ရက်နေ့ ညနေပိုင်းက အိမ်နီးချင်းအိမ်တွင် ဗီဒီယိုကြည့်၍ အိမ်ပြန်လာသည့် သမီးငယ် အား ဝဲ/ယာ ခြေသလုံးနှင့် တံတောင်ဆစ်များ၊ နောက်ကျော အင်္ကျီတို့တွင် မြေမှုန်များ ပေကျံ နေသည်ကို တွေ့ရှိသည့် မိခင်ဖြစ်သူက မေးမြန်းရာ မိန်းကလေးငယ်က ကြောက်လန့်၍မဖြေသဖြင့် အဆိုပါ မိန်းကလေးငယ် ဝတ်ဆင်ထားသည့် အတွင်းခံ ဘောင်းဘီအားချွတ်ပြီး စစ်ဆေးခဲ့ရာ မြေမှုန်နှင့် သွေးစများကို တွေ့ရကြောင်း မိခင်ဖြစ်သူက ဆက်လက်မေးမြန်းခဲ့ရာတွင် တင်မင်းလွင်(ခ)စိုင်းကို ဆိုသူမှ နန့် ရင်းချောင်းနံဘေး ဇီးပင်အနီးတွင် အလိုမတူဘဲ သားမယားအဖြစ် ၂ ကြိမ် ပြုကျင့်ခဲ့ကြောင်း သိရသဖြင့် ရပ်ကွက်ချုပ်ရေးအဖွဲ့မှ တဆင့် မြို့မရဲစခန်းသို့ တိုင်တန်းအမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တင်မင်းလွင်(ခ)စိုင်းကို၊ (၂၃)နှစ်၊ (ဘ)ဦးအောင်ဇော်မိုး ရန်ကင်းရပ်ကွက်၊ နားခါဒေသစိတ် မိုးညှင်းမြို့နေထိုင်သူအား မိုးညှင်းမြို့မရဲစခန်းမှ (ပ) ၄၈/၂၀၂၀ ပုဒ်မ ၃၇၆ အမှုကြီး အမှတ်စဉ် ၃/၂၀၂၀ ဖြင့် စစ်ဆေးကာ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။