Trending Now

မြစ်ကြီးနားမြို့တွင် World Climate Change day အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်နှင့် အမှိုက်ကောက်ပွဲတော် ကျင်းပပြုလုပ်

Spread the love

မြစ်ကြီးနားမြို့တွင် World Climate Change day အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်နှင့် အမှိုက်ကောက်ပွဲတော် ကျင်းပပြုလုပ်

EPN
မြစ်ကြီးနား၊ ဇွန် ၂၁

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယနေ့ ဇွန်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းခန့်က ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ စုပေါင်းကာ World Climate Change day အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးပွဲတော်နှင့် အမှိုက်ကောက်ပွဲတော် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ We Love MYITKYINA ဆိုင်းဘုတ်ရှိရာ ဧရာဝတီမြစ်ကမ်းဘေး (စည်ပင်ဆိပ်ကမ်း) တွင် World Climate Change day အထိမ်းအမှတ် ရေဝပ်ဒဏ်ခံနိုင်သော အပင်များကို မြစ်ကမ်းထိန်းသိမ်းရေအတွက် ရည်ရွယ်ကာ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပွဲတွင် မအူ ၁၇ ပင်၊ ထောက်ကြံ့ ၁၈ ပင်၊ ရေပိတောက် ၁၈ ပင်၊ ယမနေ ၁၅၄ ပင်၊ စုစုပေါင်း 207 ပင် နှင့် ဗာတီဘာမြက် ပျိုးပင် ၂၄၂ ပင်တို့ကို စိုက်ပျိုး ခဲ့ကြောင်းသိရသည်။

ထို့အပြင် ၂၀၂၃ခုနှစ်၊ ဇွန်လ (၅)ရက်နေ့ ပတ်၀န်းကျင်ထိန်းသိမ်းရေးဆောင်ပုဒ်ဖြစ်သည့် Solutions to Plastic Pollution ဆောင်ပုဒ်နှင့်အညီ ဧရာဝတီမြစ်ကမ်းဘေးတွင် အမှိုက်ကောက်ခြင်း၊ မြက်ရိတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တစ်ဝန်းရှိ သစ်တော နယ်မြေ၊ မြို့နယ်များ၌ ပြည်နယ်သစ်တောဦးစီးဌာနမှ ယခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုးစေ့ အပင်ရေ တစ်သောင်းကျော်ကို စိုက်ပျိုးပေးနိုင်ခဲ့ ကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။