Trending Now

မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအတွက် ကိုဗစ် ကန့်သတ်ချက်များ ဖြေလျှော့ပေးမည်

Spread the love

မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအတွက် ကိုဗစ် ကန့်သတ်ချက်များ ဖြေလျှော့ပေးမည်

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁

ကိုဗစ်ဆိုင်ရာ စည်းကမ်းချက်များကို ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်၍ နိုင်ငံတကာလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအတွက် ဖြေလျော့ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ဒေသတွင်း ကိုဗစ် ကူးစက်မှုနှုန်း ၁ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားပြီဖြစ်သလို နိုင်ငံတကာတွင်လည်း ကိုဗစ်ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားနေပြီဖြစ်၍ ယခုလိုဖြေလျော့ပေးခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများသည် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း မှတ်တမ်းများအပြင် ၄၈ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်ရောဂါ ကင်းရှင်းကြောင်း အထောက်အထားများ ပြသရမည်ဖြစ်သလို လေဆိပ်တွင်လည်း ကိုဗစ်စစ်ဆေးမှုခံယူရမည်ဟု ဆိုသည်။

ယခုအခါတွင် ကိုဗစ်ကာကွယ်ဆေးအပြည့်အ၀ ထိုးနှံပြီးစီးသူ (သို့မဟုတ်) ကာကွယ်ဆေးအပြည့်အ၀ ထိုးနှံထားခြင်းမရှိပါက ၄၈ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်ကင်းရှင်းကြောင်း အထောက်အထားကို ပြသနိုင်ပါက လေဆိပ်တွင် ကိုဗစ်စစ်ဆေးမှု ခံယူရမည့် သတ်မှတ်ချက်အား ဖြေလျော့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ကယ်ဆယ်ရေး လေယာဉ်များနှင့် နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသူများအနေဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်းသာ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။