Trending Now

အိန္ဒိယနိုင်ငံကို အလုံပိတ်ရန် ဆုံးဖြတ်လိုက်သဖြင့် လူသန်း ၇၅၀ ကျော် ထိခိုက်နိုင်ချေရှိနေ

Spread the love

အိန္ဒိယနိုင်ငံကို အလုံပိတ်ရန် ဆုံးဖြတ်လိုက်သဖြင့် လူသန်း ၇၅၀ ကျော် ထိခိုက်နိုင်ချေရှိနေ
 

EPN
နိုင်ငံတကာ၊ မတ် ၂၃

အိန္ဒိယနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုရပ်တန့်ရန် အားထုတ်မှုများ ပြင်းထန်လာချိန်တွင် ယခုလကုန်အထိ နိုင်ငံကိုအလုံပိတ်လိုက်သည်။

မြို့တော်နယူးဒေလီ၊ မွမ်ဘိုင်း၊ ဘန်ဂလော၊ ချင်းနိုင်၊ ဟိုက်ဒရာဘတ်နှင့် ကာလကတ္တားကဲ့သို့သော အဓိက မြို့ကြီးများအပါအဝင် နိုင်ငံတဝှမ်းခရိုင် ၇၅ ခုမှဒေသခံများကို မတ် ၃၁ ရက်အထိ ခရီးထွက်ခွင့်၊ အလုပ်လုပ် ခွင့်နှင့် လှုပ်ရှားသွားလာမှုကန့်သတ်လိုက်သည်။

၂၀၁၁ ခုနှစ်၊ အိန္ဒိယသန်းခေါင်စာရင်းအရ ကန့်သတ်မှုသစ်များကြောင့် လူသန်း ၇၅၀ ကျော် ဆိုးကျိုးခံစား ရနိုင်သည်။

၂၀၁၁ ခုနှစ်မှစာရင်းဖြစ်သည့်အတွက် မြေပြင်တွင်ထိခိုက်သူဦးရေပိုများနိုင်ချေရှိသည်။

နယူးဒေလီမြို့တော်ဧရိယာတွင် လူ ၁၆ သန်းကျော်ကို အိမ်ထဲမှာနေရန်ညွှန်ကြားထားပြီး ရထားနှင့် လန်ချား များအပါအဝင် အများပြည်သူပို့ဆောင်ရေးလုပ်ငန်းများကိုရပ်ဆိုင်းထားသည့်အပြင် ဆိုင်များ၊ စက်ရုံများ၊ ဝတ်ပြုရာနေရာများနှင့် ရုံးများအားလုံးကိုလည်းပိတ်ထားသည်။

သန်းခေါင်စာရင်းအချက်အလက်အရ မွမ်ဘိုင်းမြို့တွင် လူ ၁၂ သန်းကျော်ထိခိုက်နိုင်ပြီး ဘန်ဂလောတွင် လူ ၉ သန်းထိခိုက်နိုင်ကြောင်းသိရသည်။ အိန္ဒိယတွင် ယနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၁၅ ယောက်ရှိပြီး ၇ ယောက်သေဆုံးခဲ့ပြီဖြစ်သည်။

Ref : India lockdowns affect more than 750 million people

#IndiaLockdown #CoronaVirus


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။