Trending Now

ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံ၏ အတွေ့အကြုံများကိုအခြေခံ၍ ယာယီဆေးရုံများ အီရန် တည်ဆောက်

Spread the love

ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံ၏ အတွေ့အကြုံများကိုအခြေခံ၍ ယာယီဆေးရုံများ အီရန် တည်ဆောက်
 

EPN
နိုင်ငံတကာ မတ် ၂၄

အီရန်အစိုးရက ကိုဗစ်-၁၉ ကူးစက်ခံရသော လူနာများကို ပိုမိုကုသပေးရန် တိုင်းပြည်အတွင်းရှိ အကြီးမား ဆုံးသော ဈေးဝယ်စင်တာတစ်ခုဖြစ်သည့် အီရန်မောလ်ကို ရွေ့လျားဆေးရုံတစ်ခုအဖြစ် ပြောင်းလဲ ပစ်လိုက်ပြီ ဖြစ်သည်။

စတုရန်းမီတာ ၄၅၀၀၀ ရှိသည့် ကျယ်ပြန့်သော ဈေးဝယ်စင်တာ၏ ကြမ်းပြင်ဧရိယာအတွင်း ကုတင် ၂၅၀ တပ်ဆင်ထားသည်။ မကြာမီ ကုတင် ၃၀၀၀ အထိ တပ်ဆင်မည်ဟု မျှော်မှန်းရသည်။ ထို့အပြင် ရွေ့လျားဆေးရုံ၌ ဆေးရုံကုတင်များ၊ ကယ်ဆယ်ရေးကိရိယာများလည်း တပ်ဆင်ထားသည်။

ကိုဗစ်-၁၉ စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့၌ ၁၀ ရက်အတွင်း ဆေးရုံနှစ်ရုံ တည်ဆောက်ခဲ့မှုကို များစွာ အထင်ကြီးမိသည်ဟု ဈေးဝယ်စင်တာ အကြီးအကဲက ပြောကြားသည်။

အီရန်နိုင်ငံ၌ ရွေ့လျားဆေးရုံ ပြန် လည်တည်ဆောက်မှုမှာ တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးတွင် အဖိုးမဖြတ်နိုင်သော အတွေ့အ ကြုံအပေါ် အခြေခံကြောင်း ၎င်းက ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရန် တီဟီရန်မြို့တော်၌ ယာယီဆေးရုံရှစ်ရုံ တည်ဆောက်ချက်ရှိရာ ယာယီ ဆေးရုံသုံးရုံမှာ တည်ဆောက်မှုပြီးစီးကာ မကြာမီ အသုံးပြုနိုင်တော့မည်ဟု သိရသည်။

အီရန်နိုင်ငံ၌ ယမန်နေ့က ကိုဗစ်-၁၉ ကြောင့် ကူးစက်လူနာ ၁၂၇ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူ စုစု ပေါင်း ၁၈၁၂ ဦးအထိ ရှိလာခဲ့ပြီး ကူးစက်ခံရသူ ၂၃၀၄၉ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင်ရုပ်သံဌာနမှတစ်ဆင့် ပြောကြားသည်။

အရှေ့အလယ်ပိုင်းဒေသတွင် ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံးဖြစ်ပွားနေသည့် အီရန်နိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း လူပေါင်း ၁၄၁၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရကြောင်း သူကဆိုသည်။

–ကိုးကား–စီဂျီတီအင်န်
Ref; Iran learns from Chinese experience and builds mobile cabin hospitals


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။