Trending Now

ပွင့်ဖြူမြို့နယ်၊ ရွာသာကြီး လျှပ်စစ်ရေတင်လုပ်ငန်း (၂၁၅) ကီလိုဝပ် ဆိုလာဓာတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

Spread the love

ပွင့်ဖြူမြို့နယ်၊ ရွာသာကြီး လျှပ်စစ်ရေတင်လုပ်ငန်း (၂၁၅) ကီလိုဝပ် ဆိုလာဓာတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

EPN
ပွင့်ဖြူ၊ မတ် ၉ (၂၀၂၄)

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀၂၃-၂၀၂၄ ဘဏ်ဏာရေးနှစ် မကွေးတိုင်းဒေသကြီး
အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ပွင့်ဖြူမြို့နယ်၊ ရွာသာကြီး လျှပ်စစ်ရေတင်လုပ်ငန်း (၂၁၅) ကီလိုဝပ် ဆိုလာဓာတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်း ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် ပွင့်ဖြူမြို့နယ်၊ ရွာသာကြီး လျှပ်စစ်ရေတင်လုပ်ငန်း (၂၁၅) ကီလိုဝပ် ဆိုလာဓာတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ယင်း အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားခဲ့ပြီး၊ မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူး၍ ဖျော်ဖြေရေး အဖွဲ့များအား ဆုချီးမြှင့်ပေးခဲ့ကာ ဆိုလာတပ်ဆင်ပြီးစီးမှု အခြေအနေအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆက်လက်ထွက်ခွာလာခဲ့ရာ ပွင့်ဖြူမြို့သို့ရောက်ရှိပြီး၊ (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော
အားဖြင့် ဖွင့်လှစ်မည့် ကံကော်လမ်း ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်း
အနားသို့ တက်ရောက်၍ အမှာစကားပြောကြားကာ မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရဓာတ်ပုံများရိုက်ကူး၍ ကတ္တရာ လမ်းသစ်အားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇက်ကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။