Trending Now

မြစ်ကြီးနားမြို့တွင် တနိုင်းမှ တင်သွင်းသော မီးသွေးအိတ်များ ဈေးမြင့်တက်နေ

Spread the love

မြစ်ကြီးနားမြို့တွင် တနိုင်းမှ တင်သွင်းသော မီးသွေးအိတ်များ ဈေးမြင့်တက်နေ

EPN
မြစ်ကြီးနား၊ ဇွန် ၁၀

မြစ်ကြီးနားမြို့တွင် တနိုင်းမှ တင်သွင်းသော မီးသွေးအိတ်များ ယခင်ထက်ဈေးနှုန်းမြင့်တက်နေကြောင်း မီးသွေး ရောင်းဝယ်နေသူများထံမှ သိရသည်။

ယင်းကဲ့သို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ မီးသွေးဖုတ်သည့်သူများ ယခုရာသီတွင် မိုးများရွာသွန်းလာသည့်အတွက် အဆင်မပြေမှုများရှိနေသကဲ့သို့ တနိုင်းမှ မြစ်ကြီးနားသို့ ကားခများလည်းဈေးမြင့်တက်လာသည့်အတွက် ဈေးမြင့်တက်နေရခြင်းဖြစ်ကြောင်း မီးသွေးရောင်းဝယ်သူတစ်ဦးထံမှ သိရသည်။

“ မြစ်ကြီးနားမှာရှိတဲ့လူတွေက မီးသွေးသုံးတာ များလာကြတော့ ဒီမှာရောင်းတဲ့မီးသွေးတွေနဲ့ မလောက်ကြဘူး။ ဒါကြောင့် တနိုင်းမြို့က ပြန်မှာနေရတာပေါ့။ ကျွန်မတို့ဆိုလည်း တနိုင်းကမှာပြီးပြန်ရောင်းနေရတာ။ ဈေးကတော့ အရင်ကထက် တက်သွားပြီ အစမှာ တစ်တင်းဆန့်အိတ် တစ်လုံးကို ၄၀၀၀ ကျပ်နဲ့ပဲ ဝယ်ရတာ။ အခုက ၅၅၀၀ ဖြစ်သွားပြီ။ အဲ့တာကြောင့် မြစ်ကြီးနားမှာတော့ ကားခတွေရောတွက်ပြီး တစ်အိတ်ကို ၇၅၀၀ ကျပ်ရောင်းတယ် ဆယ်အိတ်ဝယ်ရင်တော့ ၆၅၀၀ ဈေးနဲ့ ရောင်းပေးတယ် ” ဟု ၎င်းကဆိုသည်။

ယခင်တွင် တနိုင်းမှ တင်သွင်းသော မီးသွေးဖောက်သည်ဈေး ဆန်တစ်တင်းဆန့် တစ်အိတ်လျှင် ၄၀၀၀ ကျပ်သာရှိခဲ့သော်လည်း ယခုတွင် တစ်အိတ်လျှင် ၅၅၀၀ ကျပ်ထိ ပေးဝယ်နေရပြီး လက်လီဈေးကွက်တွင် တစ်အိတ်လျှင် ၇၅၀၀ ကျပ်ထိ ရောင်းချနေကြောင်း သိရသည်။

အဆိုပါ မီးသွေးများကို မြစ်ကြီးနားမြို့တွင် အသုံးများလာရခြင်းမှာ မြစ်ကြီးနားမြို့တွင် လျှပ်စစ်ဓာတ်အားမလုံ လောက်သည့်အတွက် လျှပ်စစ်မီးကို ရပ်ကွက်အလိုက် အလှည့်ကျစနစ်ဖြင့်သာ ဖြန့်ဝေ ပေးနေရခြင်းကြောင့် မီးသွေးများကို အသုံးများလာရခြင်းဖြစ်ကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။