Trending Now

ဝိုင်းမော်မြို့နယ်စည်ပင်သာယာရေး အဖွဲ့ ရန်ပုံငွေဖြင့် ပြုလုပ်ခဲ့သည့် လမ်း တံတား များ စံချိန်စံညွှန်း ပြည့်မီမှုရှိမရှိ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးလိုက်လံစစ်ဆေး

Spread the love

ဝိုင်းမော်မြို့နယ်စည်ပင်သာယာရေး အဖွဲ့ ရန်ပုံငွေဖြင့် ပြုလုပ်ခဲ့သည့် လမ်း တံတား များ စံချိန်စံညွှန်း ပြည့်မီမှုရှိမရှိ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးလိုက်လံစစ်ဆေး

EPN
ဝိုင်းမော် ၊စက်တင်ဘာ ၉

ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ်အတွင်း ဒေသခံ ပြည်သူများ တောင်းဆိုမူ ကြောင့် လိုအပ်မူရှိနေသည့် လမ်း ၊ တံတားများကို ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ မှ၂၂/၂၃ ဘဏ္ဍာရေး ရန်ပုံငွေဖြင့် ပြုလုပ်ပြီးစီးခဲ့သည့် အဆိုပါလမ်း၊တံတားများကို သတ်မှတ် စံချိန်စံညွှန်းနှင့် ကိုက်ညီမူ ရှိမရှိကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်မှ လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။

ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ မှ တာဝန်ယူ လုပ်ဆောင်ထားသည့် လမ်းများဖြစ်သည့် ဝိုင်းမော် ရပ်ကွက်(၄) အမှတ်(၁၆)လမ်းနှင့် ရပ်ကွက် (၁) အမှတ်(၅) လမ်းပိုင်းတို့အား ထပ်ပိုးလွာ လမ်းခင်းခြင်း နှင့် ကတ္တရာလမ်းခင်းခြင်းတို့ကို ပြည်နယ် သယံဇာတရေးရာဝန်ကြီး လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဝိုင်းမော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့် လမ်း၊တံတား၊ရေပေးဝေရေးလုပ်ငန်း နှင့် မြေယာရှူခင်း ပန်းခြံများ ပြုလုပ်ပေးရန် ဒေသခံများ တောင်းဆိုမှုအရ ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ မှ ၂၂/၂၃ ဘဏ္ဍာရေး ရန်ပုံငွေဖြင့် အဆိုပါ လုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြောင်း ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

“ပြည်သူတွေရဲ့ တောင်းဆိုမူနဲ့ ၂၂/၂၃ ဘဏ္ဍာရေး နှစ် ရန်ပုံငွေနဲ့ ဝိုင်းမော်စည်ပင်သာယာရေးအဖွဲ့က လမ်းခင်းပေးတာတွေ ရေစီးရေလာ ကောင်းမွန်စေရန်တွေ မြေယာရှု့ခင်းပန်းခြံတွေ ရေပေးဝေမူ လုပ်ငန်းတွေ ကို ပထမ (၃)လပတ် ရန်ပုံငွေနဲ့ ပြုလုပ်ပေးခဲ့တယ် လုပ်ငန်းအားလုံး ရာခိုင်နှုန်းအပြည့် ပြီးစီးနေပါပြီ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေ ပြည့်မှီမူ ရှိမရှိ ဝန်ကြီးလည်း လာစစ်ဆေးသွားတယ် “ဟု ၎င်းကပြောသည်။

ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ မှ တာဝန်ယူ လုပ်ဆောင်ထားသည့် လမ်း၊တံတား များအနေဖြင့် သတ်မှတ်ထားသည့် အချိန်ကာလ (၅)နှစ် မရောက်မီ ပျက်စီးပါက လမ်းတာဝန်ယူထားသည့် သက်ဆိုင်ရာ အဖွဲ့မှ ပြန်လည် ပြုပြင် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် သာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၂/၂၃ ဘဏ္ဍာရေးနှစ် ပထမ(၃)လ ပတ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများမှာ လမ်းလုပ်ငန်း (၂၁)လမ်း ၊တံတား (၁၉)စင်း ၊ရေပေးဝေရေး (၁)ခု နှင့် အခြားလုပ်ငန်း (၁၇)ခု တို့အား စုစုပေါင်း ကုန်ကျငွေ ၆၃၆ ဒဿမ ၇၉၆ ကျပ်သန်းဖြင့် ဆောင်ရွက်ပေးနိင်ခဲ့ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။